ရီးယဲလ်အသင်းတွင် ဖိအားအလွန်များကြောင်း ယိုဗစ် ဝန်ခံ

ရီးယဲလ်အသင်းတွင် ဖိအားအလွန်များကြောင်း ယိုဗစ် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 4 February 2020

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာယိုဗစ်က အသင်းတွင် ဖိအားအလွန်များကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာယိုဗစ်က အသင်းတွင် ဖိအားအလွန်များကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဖရန့်ဖတ်အသင်းမှ ယူရိုသန်း (၆၀)ဖြင့် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

သို့သော် ယိုဗစ်သည် ရီးယဲလ်အသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၂၂)ပွဲတွင် (၁)ဂိုး သွင်းယူထားနိုင်သည်။

ယိုဗစ်က မိမိအနေဖြင့် ပြီးခဲ့သည့်ရာသီက ဖရန့်ဖတ်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ၎င်း၏ဗီဒီယိုများကို ပြန်ကြည့်မိပြီး ရီးယဲလ်အသင်းတွင် ရုန်းကန်နေရခြင်းကို နားမလည်နိုင်အောင် ဖြစ်မိကြောင်း ပြောကြားခဲ့သည်။ 

ယိုဗစ်က "ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် အခုလိုဖြစ်နေတာကို ကျွန်တော် စိတ်ပျက်မိပါတယ်။ တစ်ခါတလေ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းမှာ ကျွန်တော် ကစားခဲ့တဲ့  ဗီဒီယိုတွေကို ကြည့်ပြီး ငါ ဘာလို့ ဒီလောက်တောင် ဖြစ်သွားတာလဲဆိုပြီး တွေးမိပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းက ထိပ်တန်းကလပ်အသင်းကြီးဖြစ်လို့ ဖရန့်ဖတ်မှာတော့ မတူပါဘူး။ ရီးယဲလ်အသင်းမှ အလွန်ဖိအားများပါတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ရုန်းကန်နေရပေမယ့် ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ယိုဗစ်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ဖရန့်ဖတ်အသင်းတွင် ပြိုင်ပွဲစုံ (၄၈)ပွဲကစားရာ၌ (၂၇)ဂိုးအထိ သွင်းယူခဲ့သည်။

ရီးယဲလ်အသင်းနည်းပြ ဇီဒန်းကမူ ယိုဗစ်အနေဖြင့် အသင်းတွင် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ထောက်ခံပြောကြားခဲ့သည်။ 

 

Most Read

Most Recent