စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်နှင့် ဂျာမန်ဖလား ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်နှင့် ဂျာမန်ဖလား ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Published 4 February 2020

ဂရန်နာဒါ နှင့် ဗလင်စီယာ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံးက ဘုရင့်ဖလားပြိုင်ပွဲမှာ အားသိပ်မစိုက်ဘဲ ကစားနေသလိုပုံစံမျိုး တွေ့နေရပါတယ်။ ဂရန်နာဒါက အောက်အသင်းတွေကိုတောင် မိနစ်(၉၀)အတွင်း မဖြတ်နိုင်ခဲ့သလို၊ ဗလင်စီယာကလည်း ပြီးခဲ့တဲ့ပွဲစဉ်မှာ ပယ်နယ်တီအထိ ရောက်ခဲ့ပါတယ်။ ခြေစွမ်းအရတော့ ဗလင်စီယာကို ဂရန်နာဒါအသင်း ယှဉ်နိုင်စွမ်းမရှိပါဘူး။ ဗလင်စီယာ (၁-၀)ဖြစ်နိုင်ပါတယ်။ 

ဖရန့်ဖတ် နှင့် လိုက်ပ်ဇစ် (အင်္ဂါည ၁၂းဝ၀ နာရီ)

ဖရန့်ဖတ်အသင်းက မကြာသေးမီကမှ လိုက်ပ်ဇစ်အသင်းကို အရှိန်ရပ်တန့်စေခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်ကတော့ ရှုံးကြွေးဆပ်ဖို့အခွင့်အရေးကို သိပ်ကြာကြာမစောင့်လိုက်ရဘဲ ရရှိနေတာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်နဲ့ အမှတ်ပေးချန်ပီယံလမ်းကြောင်းပေါ် ရှိနေတဲ့ လိုက်ပ်ဇစ်ကို သိပ်ယုံစားလို့မရပါဘူး။ ဖရန့်ဖတ်ကိုပဲ ရွေးချယ်ချင်တယ်။

ကိုင်ဇာစလော့တန် နှင့် ဒစ်ဆယ်ဒေါ့ဖ် (အင်္ဂါည ၁၂းဝ၀ နာရီ)

ကိုင်ဇာစလော့တန်က တတိယတန်းအဆင့်မှာ ကစားနေရတဲ့အသင်းပါ။ ဒါပေမဲ့ အသင်းက အမှတ်ပေးဇယားအလယ်နား ရောက်နေလို့ ဖိအားမရှိတာက ဘွန်ဒစ်လီဂါမှာ တန်းဆင်းဇုန်ထဲ ရပ်တည်နေတဲ့ ဒစ်ဆယ်ဒေ့ါဖ်အတွက် အခက်အခဲတွေ့စေနိုင်တယ်။ ကိုင်ဇာကို ပိုကြိုက်တယ်။

ရှော်လ်ကေး နှင့် ဟာသာဘာလင် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

လတ်တလောတွေ့ဆုံထားတဲ့(၂)သင်း ပြန်ရင်ဆိုင်ရတာဖြစ်ပြီး ဘာလင်ကွင်းမှာကစားတဲ့ပွဲမှာ ရှော်လ်ကေးက အသာစီးရယူနိုင်ခဲ့တယ်။ နောက်ဆုံးတွေ့ဆုံမှု(၇)ပွဲမှာလည်း ရှော်လ်ကေးက (၄)ပွဲအထိနိုင်ပြီး (၁)ပွဲပဲ အရေးနိမ့်ခဲ့တယ်။ ရှော်လ်ကေးပဲ နောက်တစ်ဆင့်တက်မှာပါ။

၀ါဒါဘရီမင် နှင့် ဒေါ့မွန် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဟာလန်းရောက်လာပြီးကတည်းက ဒေါ့မွန်အသင်း (၃)ပွဲဆက် (၅)ဂိုးစီသွင်းထားတယ်။ နောက်ဆုံးပွဲမှာ Line-up ဝင် ခဲ့တဲ့ ဟာလန်း အခုပွဲမှာလည်း ပွဲထွက်ကစားဖို့ရှိနေတယ်။ ၀ါဒါဘရီမင်အတွက် ဘွန်ဒစ်လီဂါရှင်သန်ရေးပဲ ပိုအရေးကြီးပါတယ်။ ဒေါ့မွန် အနိုင်သေချာပါတယ်။ 

Most Read

Most Recent