မန်ယူနှင့်ပွဲတွင် ပရိသတ်ကွင်းလုံးပြည့်လာအားပေးရန်မျှော်လင့်နေသည်ဟု ဂွါဒီယိုလာ ဆို

မန်ယူနှင့်ပွဲတွင် ပရိသတ်ကွင်းလုံးပြည့်လာအားပေးရန်မျှော်လင့်နေသည်ဟု ဂွါဒီယိုလာ ဆို
Photo: Getty Images
Photo: Getty Images
Published 29 January 2020

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မန်ယူအသင်းနှင့်ကစားမည့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ပရိသတ်ကွင်းလုံးပြည့် လာအားပေးရန် မျှော်လင့်နေသည်ဟု ပြောကြားခဲ့သည်။ 

 

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မန်ယူအသင်းနှင့်ကစားမည့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ပရိသတ်ကွင်းလုံးပြည့် လာအားပေးရန် မျှော်လင့်နေသည်ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဇန်နဝါရီ (၂၉)ရက်တွင် မန်ယူအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ 

ဂွါဒီယိုလာက "ဝင်ဘလေကို (၃)နှစ်ဆက် တက်ရောက်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းပရိသတ်တွေကို ကွင်းထဲလာကြည့်စေချင်ပြီး ဖူလ်ဟမ်နဲ့ ပွဲထက် လူပိုများစေချင်ပါတယ်။ ကျွန်တော်တို့အသင်း ဗိုလ်လုပွဲတက်ဖို့ ကစားမယ့်ပွဲမှာ ပိုမိုအားကောင်းတဲ့အားပေးမှုတွေ၊ ထောက်ခံမှုတွေ လိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့တွင် မန်ယူအသင်းကို အဝေးကွင်း၌ (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲမပြီးသေးကြောင်း အသင်းသားများကို သတိပေးပြောကြားထားသည်။ 

မန်စီးတီးအသင်းသည် လိဂ်ဖလားပြိုင်ပွဲတွင် နောက်ဆုံး (၂)ကြိမ်ဆက်တိုက် ဗိုလ်စွဲထားပြီး ယခုရာသီတွင် (၃)ကြိမ်ဆက် ဗိုလ်စွဲရန် ထိပ်ဆုံးမှ ရေပန်းစားနေသည်။ 

လိဂ်ဖလားပြိုင်ပွဲသမိုင်းတွင် လီဗာပူးလ်အသင်းက (၈)ကြိမ်ဖြင့် အကြိမ်အများဆုံး ဗိုလ်စွဲထားပြီး မန်စီးတီးအသင်းက (၆)ကြိမ်ဖြင့် ဒုတိနေရာတွင် ရပ်တည်လျက်ရှိသည်။ 

 

 

Most Read

Most Recent