လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူကို ယှဉ်ပြိုင်အရွေးခံသော ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များကသာ ကန့်ကွက်လွှာတင်နိုင်မည့် ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခု ပြည်ထောင်စုလွှတ်တော် အတည်ပြု

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူကို ယှဉ်ပြိုင်အရွေးခံသော ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များကသာ ကန့်ကွက်လွှာတင်နိုင်မည့် ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခု ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 21 December 2019
စည်သူ၊ အောင်မင်းသိန်း

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်ခံရသူအား ယှဉ်ပြိုင်အရွေးခံသည့် ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များကသာ ကန့် ကွက်လွှာတင်နိုင်မည့် ရွေးကောက်ပွဲဥပဒေ ကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း သုံးခုကို ပြည်ထောင်စုလွှတ်တော်က အတည် ပြုခဲ့သည်။

 ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များက အတည်ပြုပြီးဖြစ်သည့် ရွေးကောက်ပွဲ ဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း သုံးခုကို လွှတ်တော်နှစ်ရပ် သဘောတူညီသည့် ဥပဒေကြမ်းများအဖြစ် ပေးပို့လာခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်၌ ကြေညာခဲ့သည်။

“ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က အတည်ပြုပြီးဖြစ်တဲ့ ပြည် သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဥ္စမ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုး သားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဥ္စမ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ တိုင်းဒေ သကြီး/ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဥ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်းတို့ကို လွှတ်တော်နှစ်ရပ်သဘောတူ ညီတဲ့ ဥပဒေကြမ်းများအဖြစ် ၁၈ ရက် ၁၂ လ ၂၀၁၉ ရက်မှာ ပြည်ထောင်စု လွှတ်တော် သို့ ပေးပို့ထားပါတယ်။ အဆိုပါဥပဒေကြမ်း များကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ဖို့အတွက် ၁၈ ရက်  ၁၂ လ ၂၀၁၉ ရက်တွင် ပေးပို့ထားပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၁ အရ ပြည်ထောင်စုလွှတ်တော်က အတည် ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြား သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက်ပွဲဥပဒေ မူလပြဋ္ဌာန်းချက်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံ ရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို မည်သည့်မဲဆန္ဒရှင်ကမဆို တင်သွင်းနိုင် ကြောင်း ပြဋ္ဌာန်းထားပြီး ပြင်ဆင်လိုက်သည့် ဥပဒေမူကြမ်း သုံးခု၏ ပုဒ်မ ၆၈ (က) တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာ ကို ယှဉ်ပြိုင်အရွေးခံသော မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးသည့်ကိစ္စရပ်များမှအပ ယင်းရွေးကောက်ပွဲနှင ့်စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များ ကိုဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းလျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

 ပုဒ်မ ၆၈ (ခ) တွင် လွှတ်တော်ကိုယ် စားလှယ်လောင်း သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယင်းမဲဆန္ဒနယ်ရှိ မဲစာရင်းတွင် ပါရှိသော မည်သည့် မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းမဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သောအ ကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင် သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်း လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

 

 

Most Read

Most Recent