ဖလာမင်ဂိုနှင့် ကစားမည့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဗန်ဒိုက် လွဲချော်ဖွယ်ရှိနေ

ဖလာမင်ဂိုနှင့် ကစားမည့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဗန်ဒိုက် လွဲချော်ဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 20 December 2019

လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်သည် လာမည့်စနေနေ့တွင် ကစားမည့် ဖလာမင်ဂိုနှင့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်သည် လာမည့်စနေနေ့တွင် ကစားမည့် ဖလာမင်ဂိုနှင့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ 

Daily Mirror သတင်းစာ၏ ဖော်ပြချက်အရ ဗန်ဒိုက်သည် ပြီးခဲ့သည့်ကြာပတေးနေ့က ပြုလုပ်ခဲ့သည့် လီဗာပူးလ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် လေ့ကျင့်မှုများကို ပြီးဆုံးအောင် ပြုလုပ်ခြင်းမရှိကြောင်း သိရသည်။ 

ဗန်ဒိုက်သည် အဖျားရောဂါကြောင့် အင်္ဂါနေ့က ကစားခဲ့သည့် ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ် မွန်တာရေး (၁-၂) လီဗာပူးလ်ပွဲကို လွဲချော်ခဲ့သည်။ 

ဗန်ဒိုက်၏ အခြေအနေနှင့် ပတ်သက်၍ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က "သူ ဆီမီးဖိုင်နယ်ကို လွဲချော်တာ လေ့ကျင့်ခန်းအပြည့်အဝ မဆင်းနိုင်ခဲ့လို့ပါ။ သူ နေသိပ်မကောင်းပါဘူး။ သူ မြန်မြန်ပြန်ကောင်းလာမလား ကျွန်တော်လည်း မပြောတတ်ဘူး။ စောင့်ကြည့်ကြတာပေါ့"ဟု မွန်တာရေးနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

မွန်တာရေးနှင့်ပွဲတွင် ဗန်ဒိုက် ပါဝင်ကစားနိုင်ခြင်းမရှိသည့်အတွက် အသင်းခေါင်းဆောင် ဟန်ဒါဆန်မှာ နောက်တန်းဆင်းကစားခဲ့ရပြီး လီဗာပူးလ်အသင်း၏ ခံစစ်မှာ ဟာကွက်များစွာဖြစ်ပေါ်ခဲ့ရသည်။ 

လီဗာပူးလ်အသင်းသည် ၂၀၁၉ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် လာမည့် စနေနေ့ (မြန်မာစံတော်ချိန် ည ၁၂:၀၀ နာရီ) တွင် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းနှင့် ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent