လက်စတာ အဝေးကွင်းမှာ ရုန်းကန်ရနိုင်တယ်

လက်စတာ အဝေးကွင်းမှာ ရုန်းကန်ရနိုင်တယ်
Photo : Getty Images
Photo : Getty Images
Published 18 December 2019

အဲဗာတန် နှင့် လက်စတာ (၁၉-၁၂-၂၀၁၉ နံနက် ၂:၁၅ နာရီ)

ပြီးခဲ့တဲ့ရာသီတွေမှာ လက်စတာအသင်းက လိဂ်ဖလားပွဲတွေကို ဂရုတစိုက်ကစားလေ့ရှိပေမယ့် လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် လက်လွှတ်မလားဆိုတာ သံသယဖြစ်စရာပါ။ အဲဗာတန်ကတော့ ယာယီနည်းပြ ဒန်ကန်ဖာဂူဆန်လက်ထဲမှာ ရလဒ်ပိုင်းက အံ့အားသင့်စရာပြောင်းလဲသွားပြီး အသင်းကြီးတွေဖြစ်တဲ့ ချယ်လ်ဆီး၊ မန်ယူတို့နဲ့(၂)ပွဲမှာ (၄)မှတ်အထိရယူနိုင်တာက ချီးကျူးဖို့ကောင်းပါတယ်။ အဲဗာတန်အသင်း လူစုံမထုတ်ရင်တောင် အရန်စာရင်းကမဆိုးတာ ထည့်တွက်ရမယ်။ အဲဗာတန် ပဲကြိုက်တယ်။

အောက်စဖို့ဒ် နှင့် မန်စီးတီး (၁၉-၁၂-၂၀၁၉ နံနက် ၂:၁၅ နာရီ)

မန်စီးတီးအတွက် (၃)နှစ်ဆက် လိဂ်ဖလားချန်ပီယံအိပ်မက်က အကောင်အထည်ဖော်လာဖို့ ပိုမိုနီးစပ်လာနေတယ်။ နည်းပြ ဂွါဒီယိုလာကလည်း ပရီးမီးယားလိဂ်မှာ အခြေအနေမဟန်တော့လို့ ရသမျှဖလားပြိုင်ပွဲတွေကို အာရုံစိုက်ကစားသွားဖို့က ဖြစ်နိုင်ခြေပိုများနေတယ်။ ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားမှာတွေ့ဆုံဖူးပြီး မန်စီးတီးက League One ကလပ်ကို (၃)ဂိုးပြတ်နိုင်ခဲ့တယ်။ အခုပွဲလည်း မန်စီးတီး (၃)ဂိုးတော့ပြတ်မှာပါ။

မန်ယူ နှင့် ကိုလ်ချက်စတာ (၁၉-၁၂-၂၀၁၉ နံနက် ၂:၃၀ နာရီ)

မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ယူရိုပါလိဂ်မှာ အယ်လ်ခမာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲထွက်စာရင်းက ကစားသမားအများစုကိုပဲ အခုပွဲမှာ ပြန်အသုံးပြုဖို့များပါတယ်။ တတိယအဆင့်တုန်းက League One ကလပ်ကို ပယ်နယ်တီအထိရောက်ခဲ့တဲ့အဖြစ်မျိုး မန်ယူ ထပ်အဖြစ်ခံမှာမဟုတ်ပါဘူး။ ကိုလ်ချက်စတာကတော့ League Two မှာ အလယ်အလတ်အဆင့်ပဲရှိတဲ့ အသင်းပါ။ မန်ယူကိုပဲ ရွေးချယ်ချင်တယ်။

 

Most Read

Most Recent