ရီးယဲလ်မက်ဒရစ်၏ ဆောင်ပုဒ်မှာ ဘယ်တော့မှ အရှုံးမပေးဖြစ်ပြီး အောင်မြင်မှုများကိုအမြဲတမ်းရှာဖွေနေရမည်ဟု အသင်းဥက္ကဋ္ဌ ပီရက်ဇ် ပြောကြား

ရီးယဲလ်မက်ဒရစ်၏ ဆောင်ပုဒ်မှာ ဘယ်တော့မှ အရှုံးမပေးဖြစ်ပြီး အောင်မြင်မှုများကိုအမြဲတမ်းရှာဖွေနေရမည်ဟု အသင်းဥက္ကဋ္ဌ ပီရက်ဇ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 18 December 2019

"ပရိသတ်တွေ အရမ်းအားပေးကြတဲ့ ဘောလုံးအသင်းနဲ့ ဘက်စကတ်ဘောအသင်းတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့အသင်းတွေရဲ့ ဆောင်ပုဒ်က ဘယ်တော့မှ အရှုံးမပေးဘူးဖြစ်ပြီး နောက်ဆုံးအချိန်အထိ အကောင်းဆုံးကြိုးစားတိုက်ပွဲဝင်ကြရမှာပါ။ ဘောလုံးအသင်း၊ ဘက်စကတ်ဘော အသင်းတွေအနေနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး  အောင်မြင်မှုတွေကို အမြဲတမ်းရှာဖွေနေရမှာ ဖြစ်ပါတယ်" ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

 

ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က မိမိတို့၏ ဆောင်ပုဒ်မှာ ဘယ်တော့မှ အရှုံးမပေးဖြစ်ပြီး အောင်မြင်မှုများကို အမြဲတမ်းရှာဖွေကြရန် ရီးယဲလ်မက်ဒရစ် ကစားသမားများကို ပြောကြားခဲ့သည်။ ပီရက်ဇ်သည် ဒီဇင်ဘာ (၁၇)ရက်က ရီးယဲလ်မက်ဒရစ်အားကစားအသင်းများနှင့် တွေ့ဆုံခဲ့ပြီး အောင်မြင်မှုများကို အစဉ်အမြဲရယူနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပရိသတ်တွေ အရမ်းအားပေးကြတဲ့ ဘောလုံးအသင်းနဲ့ ဘက်စကတ်ဘောအသင်းတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့အသင်းတွေရဲ့ ဆောင်ပုဒ်က ဘယ်တော့မှ အရှုံးမပေးဘူးဖြစ်ပြီး နောက်ဆုံးအချိန်အထိ အကောင်းဆုံးကြိုးစားတိုက်ပွဲဝင်ကြရမှာပါ။ ဘောလုံးအသင်း၊ ဘက်စကတ်ဘော အသင်းတွေအနေနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး  အောင်မြင်မှုတွေကို အမြဲတမ်းရှာဖွေနေရမှာ ဖြစ်ပါတယ်" ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

ထို့ပြင် ပီရက်ဇ်သည် အဆိုပါတွေ့ဆုံပွဲ၌ အွန်လိုင်းတွင် အသင်း၏အောင်မြင်မှုများကိုလည်း အရေးတယူပြောကြားခဲ့ကြောင်း သိရသည်။ ပီရက်ဇ်က "ရီးယဲလ်မက်ဒရစ်ဟာ အားကစား၊ စီးပွားရေးနဲ့ လူမှုကွန်ရက် အပိုင်းတွေမှာ ကြီးထွားလာနေပြီး အဲဒီကဏ္ဍတွေမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံးအသင်းပါ။ လူမှုကွန်ရက်မှာ Follower (၃၂၆)သန်းကျော်ရှိပြီး အသင်းရဲ့ ဗီဒီယိုတွေကိုကြည့်ရှုသူ (၃)ဘီလီယံကျော် ရှိပါတယ်။ အသင်းရဲ့ဝက်ဘ်ဆိုက်က ကမ္ဘာပေါ်မှာ လူကြည့်အများဆုံးဖြစ်ပြီး ဒုတိယနေရာက လီဗာပူးလ်ထက် (၃)ဆပိုများသလို၊ တတိယနေရာက မန်ယူထက် (၅) ဆပိုများပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent