ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ဖိုးဒေါ်လာ ၁၄ သန်းကျော်ရှိ ဆန်တန်ချိန် ၄၈၅၀၀ ကျော် တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ဖိုးဒေါ်လာ ၁၄ သန်းကျော်ရှိ ဆန်တန်ချိန် ၄၈၅၀၀ ကျော် တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်
Published 14 December 2019

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တန်ဖိုး ဒေါ်လာ ၁၄ သန်းကျော်ရှိသည့် ဆန်တန်ချိန် ၄၈၅၀၀ ကျော် တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ဒေါ်လာ ၁၄ သန်းကျော်တန်ဖိုးရှိသည့် ဆန်တန်ချိန် ၄၈၅၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။  အဆိုပါကာလအတွင်း ဆန်တင်ပို့မှုတွင် အာဖရိကနိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ပြီး နိုင်ငံအလိုက် တင်ပို့မှုအနေဖြင့် မက်ဒါဂါစကားနိုင်ငံသို့ တန်ချိန် ၁၅၉၀၀ ကျော်၊ ကင်ညာနိုင်ငံသို့ တန်ချိန် ၃၈၈၀ ခန့်၊ ဂီနီသို့ တန်ချိန် ၁၀၂၀၀၊ ဘီနင်သို့ တန်ချိန် ၇၈၀၊ တိုဂိုသို့ တန်ချိန် ၁၀၄၀ တင်ပို့ခဲ့ကြောင်း သိရသည်။

အာရှနိုင်ငံများသို့ တင်ပို့မှုတွင် တရုတ်နိုင်ငံသို့ တန်ချိန် ၁၂၀၀၀ နီးပါးနှင့် ဗီယက်နမ်သို့ တန်ချိန် ၆၀၀ ကျော် တင်ပို့ပြီး ရုရှားနှင့် စင်ကာပူနိုင်ငံသို့လည်း တင်ပို့ခဲ့သည်။ အဆိုပါကာလအတွင်း အီးယူနိုင်ငံများသို့ တန်ချိန် ၃၇၀၀ နီးပါး တင်ပို့ပြီး စျေးကွက်သစ် ဂူအမ်သို့ တန်ချိန် ၁၇၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၅၀ ခန့်တင်ပို့မှု လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

နိုဝင်ဘာ ၂၄ ရက်မှ ၃၀ အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ငါးသန်းကျော်တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၀၀၀၀ တင်ပို့ခဲ့ရာ စျေးကွက်သစ်နိုင်ငံများဖြစ်သော ဂူအမ်၊ ဒိုမေနီယမ်အပါအဝင် အာရှ၊ အာဖရိကနှင့် အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

အများဆုံးတင်ပို့မှုများမှာ အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀၀၀၀ ကျော်၊ မလေးရှားသို့ တန်ချိန် ၅၅၀၊ ဗီယက်နမ်သို့ တန်ချိန် ၉၀၀ နီးပါးတင်ပို့ပြီး ရုရှားနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ခဲ့သည်။ အာဖရိကနိုင်ငံများတွင် ဆီနီဂေါသို့  တန်ချိန် ၄၀၀ နီးပါး၊ ဂျီဘူတီသို့ တန်ချိန် ၇၅၀၊ ဆီရာလီယွန်နီ၊ မက်ဒါဂါးစကား၊ အိုင်ဗရီကို့စ်နှင့် ဂီနီသို့ တန်ချိန် ၂၅၀ ကျော်စီ၊ စျေးကွက်သစ်များဖြစ်သော ဂူအမ်နှင့် ဒိုမေနီယမ်သို့ တန်ချိန် ၂၅၀ စီ တင်ပို့ခဲ့သည်။ အီးယူနိုင်ငံများသို့ တန်ချိန် ၅၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၀၀ ကျော်လျော့ကျခဲ့သော်လည်း ယခုတစ်ပတ်တွင် စျေးကွက်သစ်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၄၃၀,၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၁၂၀ ကျော်ရရှိထားပြီး ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုသည် ရာခိုင်နှုန်း

Most Read

Most Recent