ကမ်းလှမ်းမှုများအတွက် တံခါးဖွင့်ထားကြောင်း စပါးအသင်းနည်းပြဟောင်း ပိုချက်တီနို ပြောကြား

ကမ်းလှမ်းမှုများအတွက် တံခါးဖွင့်ထားကြောင်း စပါးအသင်းနည်းပြဟောင်း ပိုချက်တီနို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 3 December 2019

စပါးအသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြ ပိုချက်တီနိုက ကမ်းလှမ်းမှုများအတွက်  တံခါးဖွင့်ထားပြီး နည်းပြလောကသို့ မကြာမီ ပြန်ဝင်ရောက်မည်ဟု ပြောကြားခဲ့သည်။ 

စပါးအသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြ ပိုချက်တီနိုက ကမ်းလှမ်းမှုများအတွက်  တံခါးဖွင့်ထားပြီး နည်းပြလောကသို့ မကြာမီ ပြန်ဝင်ရောက်မည်ဟု ပြောကြားခဲ့သည်။ 

ပိုချက်တီနိုက ရာထူးမှ ထုတ်ပယ်ခံရသည့် အခြေအနေကို ပြန်လည်ကုစားရန် မိမိ၏ အသက်အရွယ်အရ အချိန်များများ ပေးစရာမလိုအပ်ကြောင်းလည်း ဆိုခဲ့သည်။ 

ပိုချက်တီနိုက "ကမ်းလှမ်းမှုတွေကို ကျွန်တော် တံခါးဖွင့် နားစွင့်နေပါတယ်။ ဥရောပကို ပြန်ရောက်ပြီးရင် အနာဂတ်အတွက် ဆုံးဖြတ်ချက်ချနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကလပ်အသင်းများစွာဆီက စိတ်ဝင်စားစရာကမ်းလှမ်းမှုတွေလည်း ရရှိထားပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၄၇)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် စပါးအသင်းကို (၅)နှစ်ခွဲကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာ (၁၉)ရက်နေ့က နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ပိုချက်တီနိုအား ခေါ်ယူရန် အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ မန်ယူနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent