Ballon d'Or ဆုကို မက်ဆီ ဆွတ်ခူးခဲ့လျှင်လည်း အရှုံးမရှိဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆို

Ballon d'Or ဆုကို မက်ဆီ ဆွတ်ခူးခဲ့လျှင်လည်း အရှုံးမရှိဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆို
Published 2 December 2019

၂၀၁၉ Ballon d'Or ဆုကို သတင်းများကြိုထွက်နေသည့်အတိုင်း ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ ဆွတ်ခူးခဲ့လျှင်လည်း အရှုံးမရှိဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ်က ယခုနှစ်အကောင်းဆုံးဆုကို မက်ဆီရရှိခဲ့ပြီဟု ကတ်တလန်အခြေစိုက် Mundo Deportivo နေ့စဉ်ထုတ်အားကစားသတင်းစာက ဖွင့်ချခဲ့ပြီးနောက် ဗန်ဒိုက်မှာ အလေးပေးချက်များစွာအသာဖြင့် ဦးဆောင်နေရာမှ မက်ဆီ၏ အပြတ်အသတ် ဖြတ်ကျော်ခြင်းကို ခံခဲ့ရသည်။

နိုဝင်ဘာ ၃၀ ရက်ကလည်း လူမှုကွန်ရက်များတွင် ၂၀၁၉ Ballon d'Or ဆု ရပ်တည်မှုနှင့် ရမှတ်စာရင်း ပေါက်ကြားနေပြီး မက်ဆီ၊ ဗန်ဒိုက်နှင့် ဆာလာတို့က အစဉ်လိုက်ရပ်တည်နေသည်။

ဗန်ဒိုက်က ဆန်ခါတင်စာရင်းဝင်သည့် ကစားသမားများကြားတွင် အရှုံးဆိုသည်မှာမရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

''ဒီညနေမှာ ရှုံးနိမ့်သူဆိုတာ မရှိပါဘူး။ နိုင်ငံအသင်းအတွက်ရော ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြခဲ့တာကြောင့် ဒီစာရင်းထဲ ပါဝင်ခွင့်ရဖို့ အလွန်ပဲ ဂုဏ်ယူမိပါတယ်။ ကစားသမားအမြောက်အမြား ဒီအခွင့်အရေးမျိုး မရတာကလည်း ဂုဏ်ယူစရာအချက်ပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ တွေ့မြင်ရလိမ့်မယ်''ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။

(၆၄) ကြိမ်မြောက်အဖြစ်ကျင်းပသည့် ယင်းအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Theatre du Chatelet၌ မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက် ၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။

Most Read

Most Recent