ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုနှစ်ကုန်ထိ ဖာဘင်ညို နားရမည်

ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုနှစ်ကုန်ထိ ဖာဘင်ညို နားရမည်
Photo: Getty Images
Photo: Getty Images
Published 29 November 2019

လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ညိုသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုနှစ်ကုန်ထိ အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ညိုသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုနှစ်ကုန်ထိ အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ 

ဖာဘင်ညိုသည် နိုဝင်ဘာ (၂၇)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် လီဗာပူးလ် (၁-၁) နာပိုလီပွဲတွင် ပွဲချိန် (၁၈) မိနစ်၌ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရသည်။ 

လီဗာပူးလ်အသင်း၏ ထုတ်ပြန်ချက်တွင် "ဖာဘင်ညိုသည် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော နာပိုလီအသင်းကို (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲတွင် ခြေချင်းဝတ်အရွက်ထိခိုက်သွားခဲ့ကြောင်း၊ ဆေးစစ်ဆေးချက်များအရ ဖာဘင်ညိုအနေဖြင့် ယခုနှစ်အထိ ကစားနိုင်မည်မဟုတ်ကြောင်း"ပါရှိသည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညိုသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၉)ပွဲအထိ ပါဝင်ကစားထားသူဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် လာမည့် ဒီဇင်ဘာလတွင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြိုင်အပါအဝင် ပွဲစဉ်များစွာ ကစားရမည်ဖြစ်ပြီး ယင်းအခြေအနေတွင် ဖာဘင်ညိုကို ဆုံးရှုံးရင် အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း အသင်းနည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။ 

ဖာဘင်ညိုသည် လီဗာပူးလ်အသင်း၏လေ့ကျင့်ရေးကွင်းဖြစ်သည့် မဲလ်ဝုဒ်တွင် နေထိုင်ကာ အသင်းဆရာဝန်များနှင့် ဒဏ်ရာပြန်လည်ကောင်းမွန်လာရန် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။