ထိပ်တန်းအမျိုးသမီးတေးသံရှင်ငါးဦး ဖျော်ဖြေမည့် The Five Divas Concert မန္တလေးမြို့၌ ဒီဇင်ဘာလအတွင်း ပြုလုပ်မည်

ထိပ်တန်းအမျိုးသမီးတေးသံရှင်ငါးဦး ဖျော်ဖြေမည့် The Five Divas Concert မန္တလေးမြို့၌ ဒီဇင်ဘာလအတွင်း ပြုလုပ်မည်
 မန္တလေးမြို့၌ သွားရောက်ဖျော်ဖြေတင်ဆက်မည့် တေးသံရှင်ဆုန်သင်းပါရ်
မန္တလေးမြို့၌ သွားရောက်ဖျော်ဖြေတင်ဆက်မည့် တေးသံရှင်ဆုန်သင်းပါရ်
Published 25 November 2019

ထိပ်တန်းအမျိုးသမီးတေးသံရှင်ငါးဦးပါဝင်တင်ဆက်မည့် The Five Divas Concert ကို မန္တ လေးမြို့တွင် ဒီဇင်ဘာလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ The Five Divas Concert တွင် တေးသံရှင်ကော်နီ၊ တင်ဇာမော်၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်းနှင့် အိုင်ရင်းဇင်မာမြင့်တို့ ပါဝင်သီဆိုမည်ဖြစ်ကာ Dream Lover တီးဝိုင်းက ပါဝင်တီးခတ်ပေးမည်ဖြစ်သည်။ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် မန္တလေးမြို့ရှိ Golden Hotel ၌ ပြုလုပ်မည်ဖြစ်ကာ လက်မှတ်နှုန်းထားများအဖြစ် VVIP, VIP, GA1 ကျပ်နှစ်သောင်း၊ GA2 ကျပ်တစ်သောင်းဟု သတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးမှာလုပ်မယ့်ပွဲမှာ အစ်မတို့ ဂီတညီအစ်မငါးယောက်ပေါင်းပြီး ဖျော်ဖြေဖို့ရှိပါတယ်။ ချစ်ရတဲ့ မကော်၊ ဆုန်သင်း၊ ညီမဖြူဖြူ၊ အိုင်ရင်းတို့နဲ့အတူ ဖျော်ဖြေကြရမှာဆိုတော့ အမှတ်တရလည်းဖြစ်မယ်။ အားလုံးက ပရိသတ်ကိုယ်စီ ရှိထားပြီးသားဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ကျေနပ်ကြရမယ့်ပွဲလေးဖြစ်မှာပါ။ ဒီပွဲက ဒီဇင်ဘာလထဲမှာ လုပ်မှာပါ။ ပွဲအတွက်သီချင်းတိုက်တာတွေကိုလည်း ဒီဇင်ဘာလဆန်းလောက်မှာလုပ်ဖို့ အားလုံးပြင်ဆင်ထားတယ်။ သီချင်းတွေကတော့ ပရိသတ်တွေက ရှိုးရောက်ရင် မဆိုမဖြစ်ဆိုစေချင်တဲ့ သီချင်းလေးတွေရှိတယ်။ အဲဒီလိုသီချင်းမျိုးလေးတွေလည်း ဆိုမယ်။ ကိုယ်တိုင်ဆိုချင်တဲ့ သီချင်းလေးတွေလည်း ရွေးပြီးဆိုဖို့ ရည်မှန်းထားပါတယ်” ဟု တေးသံရှင် တင်ဇာမော်က ဆိုသည်။

မန္တလေးမြို့တွင်ပြုလုပ်မည့် ဂီတဖျော်ဖြေပွဲပါဝင်တင်ဆက်မည့် အမျိုးသမီးတေးသံရှင်ငါးဦးမှာ ပရိသတ်အခိုင်အမာရှိထားသည့် ထိပ်တန်းတေးသံရှင်များဖြစ်ကာ ပရိသတ်များနှင့် အမှတ်တရရှိစေခဲ့သည့် တေးသီချင်းများနှင့် ရွေးချယ်ဖျော်ဖြေမည်ဖြစ်သည်။

ဖျော်ဖြေပွဲအတွက် သီချင်းတိုက်လေ့ကျင့်မှုများကို ဒီဇင်ဘာလဆန်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent