ပုံမှန်ပွဲထွက်ခွင့်မရသည့်အတွက် ဝမ်းနည်းမိကြောင်း ရာကီတစ် ပြောကြား

ပုံမှန်ပွဲထွက်ခွင့်မရသည့်အတွက် ဝမ်းနည်းမိကြောင်း ရာကီတစ် ပြောကြား
Photo: Marca
Photo: Marca
Published 13 November 2019

ဘာစီလိုနာအသင်းကွင်းလယ်လူ ရာကီတစ်က ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့်မရသည့်အတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းကွင်းလယ်လူ ရာကီတစ်က ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့်မရသည့်အတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်သည် ၂၀၁၄ ခုနှစ်တွင် ဆီဗီလာအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယင်းအချိန်ကတည်းက အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရခဲ့သူဖြစ်သည်။ 

သို့သော် ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း PSG တိုက်စစ်မှူး နေမာအား ပြန်လည်ခေါ်ယူရန် ကြိုးစားရာတွင် ရာကီတစ်ကို အသုံးချရန် ကြိုးစားခဲ့သလို၊ ယခုရာသီတွင်လည်း ၎င်းကို ပွဲထွက်အဖြစ် အသုံးပြုခြင်းမရှိတော့ဘဲ အရန်အဖြစ်သာ အသုံးပြုလျက်ရှိသည်။ 

ရာကီတစ်က မိမိအနေဖြင့် အသင်းအတွက် များစွာပေးဆပ်နိုင်စွမ်းရှိသေးကြောင်းနှင့် ယခုကဲ့သို့ အခြေအနေနှင့်ကြုံတွေ့ရသည့်အတွက် ဝမ်းနည်းရကြောင်း ဆိုခဲ့သည်။ 

ရာကီတစ်က "ကျွန်တော့်သမီလေးဆီက သူကစားနေတဲ့ အရုပ်ကို ယူလိုက်ရင် သူဘယ်လိုခံစားရမလဲ။ ဝမ်းနည်းသွားမှာပေါ့။ ကျွန်တော်လည်း အဲဒီလို ခံစားရပါတယ်။ ကျွန်တော့်အနေနဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုအပြည့်ရှိပြီး နားလည်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ (၅)နှစ်အတွင်း ဘာစီလိုနာအသင်းကို အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ အခုအချိန်မှာလည်း ကျွန်တော် အဲဒီလိုလုပ်ပြနိုင်စွမ်းရှိနေတုန်းပါ။ ကျွန်တော့်အသက်က (၃၁)နှစ်ပဲ ရှိပါသေးတယ်။ (၃၈)နှစ် မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်စွမ်း ရှိနေတုန်းလို့ ခံစားရပါတယ်"ဟု ပြောကြားခဲ့သည်။ 

ရာကီတစ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၀)ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။ ဘာစီလိုနာအသင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ရာကီတစ်ကို အေစီမီလန်အသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းအချို့ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

 

Most Read

Most Recent