အေစီမီလန်နှင့်ပွဲမှ အပြုအမူအတွက် စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်း အရေးယူမည်မဟုတ်

အေစီမီလန်နှင့်ပွဲမှ အပြုအမူအတွက် စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်း အရေးယူမည်မဟုတ်
Photos: Reuters
Photos: Reuters
Published 13 November 2019

ဂျူဗင်တပ်စ်အသင်းသည် အေစီမီလန်အသင်းနှင့်ပွဲမှ အပြုအမူအတွက် အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုကို အရေးယူမည်မဟုတ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဂျူဗင်တပ်စ်အသင်းသည် အေစီမီလန်အသင်းနှင့်ပွဲမှ အပြုအမူအတွက် အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုကို အရေးယူမည်မဟုတ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ဂျူဗင်တပ်စ် (၁-၀) အေစီမီလန်ပွဲတွင် ပွဲချိန် (၅၅)မိနစ်၌ ဒီဘားလားနှင့် လူစားလဲခံရပြီးနောက် အသင်းနည်းပြ ဆာရီအား စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ၎င်းအား လူစားလဲခဲ့သည့် အသင်းနည်းပြ ဆာရီကို တစ်စုံတစ်ခုပြောဆိုပြီးနောက် (ဆာရီအား ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု အီတလီမီဒီယာများ ဖော်ပြ) အရန်ခုံတန်းသို့မသွားဘဲ အသင်းအဝတ်လဲခန်းသို့ ဝင်ရောက်သွားခဲ့သည်။ 

သို့သော် အီတလီအားကစားသတင်းစာ Gazzetta dello Sport ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ယင်းအပြုအမူများအတွက် စီရော်နယ်လ်ဒိုကို အရေးယူမည်မဟုတ်ကြောင်းနှင့် စီရော်နယ်လ်ဒိုအနေဖြင့် လူစားလဲပြီးနောက် အရန်ခုံတန်းသို့ ပြန်မလာခဲ့ခြင်းအတွက် အသင်းဖော်များကို တောင်းပန်ရန် အလိုရှိနေကြောင်း သိရသည်။ 

စီရော်နယ်လ်ဒိုသည် အေစီမီလန်အသင်းနှင့်ပွဲစဉ်တွင် လူစားလဲခံရပြီးနောက် အသင်းအဝတ်လဲခန်းသို့ ဝင်ရောက်သွားခဲ့ကာ ပြန်မထွက်လာတော့ဘဲ ယင်းပွဲမပြီးမီ (၃)မိနစ်အလိုတွင် ကွင်းအတွင်းမှ ထွက်ခွာခဲ့ကြောင်း Sky Sport Italia က ဖော်ပြခဲ့သည်။ 

ယင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ပါရာတီချီသည် စီရော်နယ်လ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ကို ဆက်သွယ်ခဲ့ကာ စီရော်နယ်လ်ဒို၏ပြဿနာကို မေးမြန်းခဲ့ပြီး အသင်းဖော်များကို တောင်းပန်ရန် အလိုရှိနေကြောင်း သိရသည်။ 

 

 

Most Read

Most Recent