အသင်းပရိသတ်များ ရန်မူမည်ကို စိုးရိမ်သဖြင့် နာပိုလီကစားသမားများ သက်တော်စောင့် ငှားရမ်း

အသင်းပရိသတ်များ ရန်မူမည်ကို စိုးရိမ်သဖြင့် နာပိုလီကစားသမားများ သက်တော်စောင့် ငှားရမ်း
Photos: Getty Images
Photos: Getty Images
Published 12 November 2019

နာပိုလီအသင်းကစားသမားများသည် အသင်းပရိသတ်များ ရန်မူမည်ကို စိုးရိမ်သဖြင့် သက်တော်စောင့်များ ငှားရမ်းနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

နာပိုလီအသင်းကစားသမားများသည် အသင်းပရိသတ်များ ရန်မူမည်ကို စိုးရိမ်သဖြင့် သက်တော်စောင့်များ ငှားရမ်းနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

နာပိုလီအသင်းကစားသမားများသည် နိုဝင်ဘာ (၅)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် နာပိုလီ (၁-၁) ဆာလ်ဇ်ဘာ့ဂ်ပွဲအပြီးတွင် အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်၏ လေ့ကျင့်ရေးစင်တာတွင် နေထိုင်ပြီး လေ့ကျင့်ခန်းဆင်းရန် ညွှန်ကြားမှုကို မလိုက်နာဘဲ မိမိတို့အစီအစဉ်ဖြင့် အိမ်ပြန်သွားခဲ့ကြသည်။ 

ယင်းသို့ အသင်းဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်၏ ညွှန်ကြားမှုအား လိုက်နာခြင်းမရှိသည့် ကစားသမားများအား အရေးယူမည်ဟု နာပိုလီအသင်းက ထုတ်ပြန်ထားပြီး အသင်းပရိသတ်များမှာလည်း ကစားသမားများကို ဒေါသထွက်နေကြကြောင်း သိရသည်။ 

ယင်းပြဿနာဖြစ်ပွားပြီးနောက် နာပိုလီကွင်းလယ်ကစားသမားများဖြစ်သည့် ဇီလင်စကီးနှင့် အယ်လန်တို့မှာ အသင်းပရိသတ်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။ 

ထို့ကြောင့် နာပိုလီအသင်းနောက်ခံလူ ကူလီဘလီသည် သူနှင့် သူ၏မိသားစု လုံခြုံရေးအတွက် သက်တော်စောင့်များ ငှားရမ်းခဲ့ကြောင်းနှင့် အခြား နာပိုလီကစားသမားများမှာလည်း သက်တော်စောင့်များငှားရမ်းနေကြကြောင်း သိရသည်။

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်သည် ၎င်း၏ညွှန်ကြားမှုကို လိုက်နာခြင်းမရှိသည့် ကစားသမားများကို လစာ (၂၅)ရာခိုင်နှုန်း ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး အသင်းကစားသမားများအားလုံးကို ရောင်းထုတ်ပစ်ရန် စီစဉ်နေကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

 

Most Read

Most Recent