၂၀၁၈ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး အားကစားသမားဆုပေးပွဲ အောက်တိုဘာ ၃၁ ရက် ကျင်းပမည်

၂၀၁၈ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး အားကစားသမားဆုပေးပွဲ အောက်တိုဘာ ၃၁ ရက် ကျင်းပမည်
Photo: EMG
Photo: EMG
Published 23 October 2019

ယခုနှစ်အကောင်းဆုံးဆုပေးပွဲတွင် အမျိုးသားအားကစားသမားဆု၊ အမျိုးသမီး အားကစားသမားဆု၊ အထူးဂုဏ်ပြုအားကစားသမားဆု၊ အတိုးတက်ဆုံးအားကစားသမားဆု၊ တက်သစ်စလူငယ်အားကစားသမားဆု၊  အကောင်းဆုံးအသင်းလိုက်ဆုနှင့် လှုပ်ရှား တက်ကြွမှုအကောင်းဆုံးအဖွဲ့ချုပ်ဆု စုစုပေါင်း ဆုခုနစ်ခု ချီးမြှင့်သွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်က ရွေးချယ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးအားကစားသမားဆုပေးပွဲကို အောက်တိုဘာ ၃၁ ရက်တွင် အား/ကာသိပ္ပံ (ရန်ကုန်) ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အကောင်းဆုံးဆုပေးပွဲတွင် အမျိုးသားအားကစားသမားဆု၊ အမျိုးသမီး အားကစားသမားဆု၊ အထူးဂုဏ်ပြုအားကစားသမားဆု၊ အတိုးတက်ဆုံးအားကစားသမားဆု၊ တက်သစ်စလူငယ်အားကစားသမားဆု၊  အကောင်းဆုံးအသင်းလိုက်ဆုနှင့် လှုပ်ရှား တက်ကြွမှုအကောင်းဆုံးအဖွဲ့ချုပ်ဆု စုစုပေါင်း ဆုခုနစ်ခု ချီးမြှင့်သွားမည်ဖြစ်သည်။ ယင်းဆုများအနက် လှုပ်ရှာတက်ကြွမှုအကောင်းဆုံး အဖွဲ့ချုပ်ဆုကို ပထမဆုံးအကြိမ် ချီးမြှင့်မည်ဖြစ်ပြီး အတိုးတက်ဆုံးကစားသမားဆုကိုမူ ယခင်က အခါအားလျော်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်ခဲ့သည့် အကောင်းဆုံးဆုများအနက် အမျိုးသားအားကစားသမားဆုကို ထွန်းထွန်းအောင် (ကာယဗလ)၊ အမျိုးသမီးအားကစား သမားဆုကို မေပိုးဝါ (သေနတ်ပစ်)၊ နည်းပြ ဆုကို ဦးမင်းဇော်ဦး (ကာယဗလ)၊ အသင်းဆုကို မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်း၊ တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားမှုဆုကို အောင်လအန်ဆန် (MMA) တို့က ဆွတ်ခူး ရရှိခဲ့သည်။

 

မြန်မာ့အကောင်းဆုံးအားကစားသမား ဆုကို ၁၉၉၄ နှင့် ၁၉၉၅ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သော်လည်း ၂၀၀၃ နောက်ပိုင်းမှ ပုံမှန်နီးပါး ချီးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးဆုများကို အားကစားအဖွဲ့ချုပ်များမှ ပေး ပို့သည့် စာရင်းများအပေါ် တွက်ချက်ကာ တစ်နှစ်အတွင်း ရရှိသည့်အောင်မြင်မှု၊ ပြိုင်ပွဲအဆင့်အပေါ် မူတည်၍ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent