သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး ရန်ပုံငွေသို့ နှစ်စဉ် ကျပ်ဘီလျံ ၂၀ ဖြည့်စွက်ပေးလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး ရန်ပုံငွေသို့ နှစ်စဉ် ကျပ်ဘီလျံ ၂၀ ဖြည့်စွက်ပေးလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမှာစကားပြောကြားနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမှာစကားပြောကြားနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
Published 5 October 2019

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး ရန်ပုံငွေသို့ နှစ်စဉ် ကျပ်ဘီလျံ ၂၀ ဖြည့်စွက်ပေးလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အာဆီယံသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထိမ်းအမှတ်နေ့၊ (၇)ကြိမ် မြောက်အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၄ ရက်က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားရာ၌ ထိုသို့ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ ချရေးပေါင်းစပ် ဆောင်ရွက်ရာ၌ ဘဏ္ဍာငွေ နှင့် နည်းပညာပိုင်းဆိုင်ရာအကန့်အသတ် များရှိနေသည့်အတွက် တစ်ခါတစ်ရံဆောင် ရွက်လိုသည့်ဆန္ဒအတိုင်းဆောင်ရွက်၍ မရ ဖြစ်တတ်ကြောင်း၊ ထို့ကြောင့် ဘေးအန္တ ရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိသည့် အကြောင်းအချက်များကို ဖွံ့ဖြိုးရေးစီမံကိန်း များတွင် အလေးထားစဉ်းစားဆောင်ရွက် နိုင်ရေးနည်းလမ်းများကို ရှာဖွေလျက်ရှိပါ ကြောင်း၊ ဘေးဒဏ်ခံနိုင်ရည်ရှိသည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဆိုလျှင် ပြည်သူများအတွက် အရှည် တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ကြဉ်းပေးနိုင်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်လာမည် ဟု ဒုတိယသမ္မတက ပြောကြားသည်။

“မြန်မာနိုင်ငံအခြေအနေနှင့် ထင်ဟပ် ပြောပြရမည်ဆိုလျှင် မိမိကိုယ်တိုင် ဦးဆောင် ၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖွဲ့ဝင်အဖြစ် ပါဝင်သည့် အမျိုးသားသဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်း ထားရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတစ်ရပ်ကို ထူထောင်ထားရှိပြီး အဆိုပါ ရန်ပုံငွေသို့ နှစ်စဉ်နှစ်တိုင်း မြန်မာငွေကျပ် ၂၀ ဘီလျံ ဖြည့်စွက်ပေးလျက်ရှိပါကြောင်း”ဟု ဒုတိယသမ္မတက ပြောကြားသည်။

ထို့အတူ ဘေးအန္တရာယ်ကြ့ံကြ့ံခံနိုင်ရေးကို အစဉ်မျှော်တွေး၍ သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထိရောက်စွာအသုံးပြုလျက်ရှိကြောင်း၊ ထို့ပြင် ဘေးသင့်ဒေသများ အမြန် ပြန်လည်ထူထောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ အဆိုပါအ ဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့်အရင်းအမြစ်နှင့် စွမ်းဆောင် ရည်များရရှိနိုင်ရန် ညှိနှိုင်းပေါင်းစပ်မှုများကို  လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများသည် အနာဂတ်တွင် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ လျော့ပါးရေးစီမံ ဆောင်ရွက်ပေးနိုင်သကဲ့သို့ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် နမူနာကောင်းများကို အတုယူဆောင်ရွက်နိုင်ကြရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ရာသီဥတုပြောင်းလဲခြင်းနှင့် ဆိုးရွားသည့် ရာသီဥတုဖြစ်စဉ်များသည် မိမိတို့အတွက် အသစ်ဖြစ်လာသည့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာနေပြီဖြစ်ပါကြောင်း၊ ဖြစ်ရပ်အထောက်အထားများအရ ယခုနှစ်အတွင်း အချို့နိုင်ငံများတွင် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းကို တစ်ပြိုင်နက်ခံစားကြရသည် ကို တွေ့ရှိရပါကြောင်း၊ လေ့လာဆန်းစစ်ချက် များအရ အာဆီယံဒေသဖြစ်သည့် ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် မြေငလျင်ဒဏ် နှင့် ဆူနာမီဒဏ်များကို ခံစားခဲ့ကြရပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ၌ ရေကြီးခြင်း အများဆုံးခံစားခဲ့ကြရသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပွားသည့် ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းရန် ခက်ခဲသကဲ့သို့ ထိန်းချုပ် ရှောင်လွှဲ၍လည်း မရနိုင်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်မကြာခဏ  ဖြစ်ပွားမှုများသည် အချင်းချင်းဆက်စပ်နေသည့်အတွက် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသအလိုက်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးများကို ယခင်ကာလများထက် ပိုမိုကြုံတွေ့လာရကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

အလားတူ ကယ်ဆယ်ရေးအဖွဲ့များ၏အကူအညီများ မရောက်မီ ပြည်သူများကိုယ်တိုင် စွမ်းဆောင်ရည်ရှိရှိဖြင့် ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အလွှာအသီးသီးရှိ ပြည်သူအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရည် ကွာဟမှု လျှော့ချရေးနှင့် အများနှင့်သက်ဆိုင်သည့်ပြဿနာများကို ပူးပေါင်းဖြေရှင်းပေးနိုင်ရေးသည် အဓိကသော့ချက်တစ်ခုဖြစ် ကြောင်း၊ နည်းပညာဆိုင်ရာများ လွှဲပြောင်းပေးနိုင်မည့် ထိရောက်သည့် သတင်းအချက်အလက်များ မျှဝေပေးနိုင်မည်ဆိုလျှင် ပြည်သူများ၏ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာရေးအတွက် များစွာအထောက် အကူဖြစ်ကြောင်း၊ ထို့ပြင် ဘေးအန္တရာယ်ဖြစ် ပွားနိုင်သည့်အချိန်တွင် ကြိုတင်သတိပေးချက်များ ရယူနိုင်ရေးကိုလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မှန်ကန်သည့်သတင်းအချက်အလက်များ လျင်လျင်မြန်မြန်ရရှိရေး၊ ဘေးအန္တရာယ်ကြိုတင်ပြင် ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အဆုံးအဖြတ်ပေးရမည့်သူများထံ ဘေးအန္တ ရာယ်ဆိုင်ရာသတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်ရေးအတွက်လည်း ပြင်ဆင်ချိန်တစ်ခု ရရှိနိုင်စေကြောင်း ဒုတိယသမ္မတ က ပြောကြားသည်။ 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးလှကျော်၊ ဒေါက်တာရဲမြင့်ဆွေနှင့် ဦးစိုးအောင်၊ အာဆီ ယံအဖွဲ့ဝင်နိုင်ငံများမှ သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အ စည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝ ဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံးမှ  ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent