ရိုးမားအသင်းသည် ဗြိတိန်အခြေစိုက် Missing Kids ၊ အမေရိကန်အခြေစိုက် National Center ၊ အီတလီအခြေစိုက် Telefono Azzurro အဖွဲ့များနှင့်ပူးပေါင်း၍ ယခု နွေရာသီတွင် ကစားသမားသစ်ခေါ် ယူနိုင်ကြောင်းကြေညာစဉ်ကမ္ဘာတစ်ဝန်းရှိ ပျောက်ဆုံးနေသည့် ကလေးငယ်များ ဓာတ်ပုံနှင့် အချက်အလက်များကိုပါ ပူးတွဲဖော်ပြပေးခဲ့သည်။
စီးရီးအေကလပ် ရိုးမားအသင်း၏အကူ အညီဖြင့် ပျောက်ဆုံးနေသည့် ပဥ္စမမြောက် ကလေးတစ်ဦး ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရိုးမားအသင်းသည် ဗြိတိန်အခြေစိုက် Missing Kids ၊ အမေရိကန်အခြေစိုက် National Center ၊ အီတလီအခြေစိုက် Telefono Azzurro အဖွဲ့များနှင့်ပူးပေါင်း၍ ယခု နွေရာသီတွင် ကစားသမားသစ်ခေါ် ယူနိုင်ကြောင်းကြေညာစဉ်ကမ္ဘာတစ်ဝန်းရှိ ပျောက်ဆုံးနေသည့် ကလေးငယ်များ ဓာတ်ပုံနှင့် အချက်အလက်များကိုပါ ပူးတွဲဖော်ပြပေးခဲ့သည်။

ယင်းကဲ့သို့ ဖော်ပြခဲ့သူများအနက် ပြန်လည်ရှာဖွေတွေ့ရှိသူ စုစုပေါင်းငါးဦးရှိလာပြီး နောက်ဆုံးတွေ့ရှိသူမှာ လန်ဒန်မြို့မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း သိရသည်။ ၎င်းမတိုင်မီ ကင်ညာမှ နှစ်ဦး၊ ဗြိတိန်နှင့်ဘယ်လ်ဂျီယံမှတစ်ဦးစီ ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။