မန်ယူအသင်းဂိုးသမား ဒီဟေးယားက ဝက်စ်ဟမ်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်မှသာ ပြီးခဲ့သည့်ရာသီက ဖြစ်ရပ်မျိုးကို ရှောင်လွဲနိုင်မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
မန်ယူအသင်းဂိုးသမား ဒီဟေးယားက ဝက်စ်ဟမ်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်မှသာ ပြီးခဲ့သည့်ရာသီက ဖြစ်ရပ်မျိုးကို ရှောင်လွဲနိုင်မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းတွင် (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုရာသီတွင် ဝက်စ်ဟမ်းအသင်းမှာ ပိုကောင်းလာကြောင်း ဒီဟေးယားက ဆိုခဲ့သည်။
ဒီဟေးယားက "ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီမှာ ကစားသမားကောင်းတွေ ခေါ်ယူထားပြီး သူတို့က ခြေစွမ်းပြနေကြပါတယ်။ အခုအချိန်မှာ ဝက်စ်ဟမ်းအသင်းဟာ ခြေစွမ်းထက်မြက်နေတဲ့ အချိန်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက သူတို့ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီတော့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ကျွန်တော့်အနေနဲ့ အများကြီးကြိုးစားဖို့ လိုပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲဟာ ခက်ခဲမှာ ဖြစ်ပေမယ့် ဇယားထိပ်ပိုင်းက အသင်းတွေနဲ့ အမှတ်မပြတ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ (၃) မှတ်ရထားဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။
ဝက်စ်ဟမ်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်ကို စက်တင်ဘာ (၂၂) ရက်နေ့ (မြန်မာစံတော်ချိန် ည ၇:၃၀ နာရီ)တွင် ဝက်စ်ဟမ်းအသင်း၏ အိမ်ကွင်း၌ ကစားမည်ဖြစ်သည်။
မန်ယူနှင့် ဝက်စ်ဟမ်းအသင်းတို့သည် ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးတွင် ရမှတ် (၈) မှတ်စီ ရရှိထားကြသည်။















