စီရော်နယ်လ်ဒိုနှင့်မက်ဆီတို့ ချိုးဖျက်ရန်ကျန်သည့် ချန်ပီယံလိဂ်စံချိန်များစွာရှိနေဟု UEFA ဖော်ပြ

စီရော်နယ်လ်ဒိုနှင့်မက်ဆီတို့ ချိုးဖျက်ရန်ကျန်သည့် ချန်ပီယံလိဂ်စံချိန်များစွာရှိနေဟု UEFA ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 18 September 2019

ချန်ပီယံလိဂ်သမိုင်းတွင် မတူညီသည့်အသင်း သုံးသင်းနှင့် ဆုဖလားရရှိသူအဖြစ် ဆီးဒေါ့ဖ်က (အေဂျက်စ် ၁၉၉၅၊ ရီးယဲလ်မက်ဒရစ် ၁၉၉၈၊ အေစီမီလန် ၂၀၀၃ နှင့် ၂၀၀၇) စံချိန်တင်ထားပြီး မတူညီသည့် အသင်းခြောက်သင်းနှင့် ပြိုင်ပွဲတွင်ဂိုးသွင်း နိုင်သူအဖြစ် အီဘရာဟီမိုဗစ်က အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ PSG၊ မန်ယူအသင်းများတွင်ကစားကာ မှတ်တမ်းရေးထိုးထားသည်။

 

ကမ္ဘာကျော်ဘောလုံးသမားများဖြစ် သည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သည် ချန်ပီယံလိဂ်(ယခင် ဥရောပဖလား)စံချိန် များကို အပြိုင်အဆိုင်ချိုးဖျက်နေကြသော်လည်း ၎င်းတို့ကျော်ဖြတ်ရန် ကျန်ရှိနေသေးသည့် ချန်ပီယံလိဂ်စံချိန်မှတ်တမ်းများစွာရှိ နေသေးကြောင်း UEFA.com က ဖော်ပြခဲ့သည်။

ဗိုလ်လုပွဲများ၌ ဂိုးသွင်းအများဆုံးအဖြစ် ရီးယဲလ်ကစားသမားဟောင်းဖြစ်သည့် ဒီစတီဖာနိုနှင့် ပွတ်ရှ်ကပ်စ်တို့က ခုနစ်ဂိုးစီ၊ ဗိုလ်လုပွဲအကြိမ်အများဆုံး ဂိုးသွင်းသူအဖြစ် ပွတ်ရှ်ကပ်စ်က ငါးကြိမ်၊ ဗိုလ်လုပွဲတစ်ပွဲတည်း ဂိုး အများဆုံးသွင်းသူအဖြစ် ပွတ်ရှ်ကပ်စ်က လေးဂိုးဖြင့် စံချိန်တင်ထားပြီး စီရော်နယ်လ်ဒိုက ဗိုလ်လုပွဲ သုံးပွဲ(၂၀၀၈၊ ၂၀၁၄၊ ၂၀၁၇) တွင် လေးဂိုး၊ မက်ဆီက ဗိုလ်လုပွဲ နှစ်ပွဲ (၂၀၀၉၊ ၂၀၁၁)တွင် နှစ်ဂိုးသာ သွင်းယူထား နိုင်ခြင်းဖြစ်သည်။ ထို့ပြင် စီရော်နယ်လ်ဒိုမှာ ဗိုလ်လုပွဲ ခြောက်ကြိမ်ကစားထားပြီး အကြိမ်အများဆုံးကစားထားသူ ဂျန်တို (ရီးယဲလ်မက်ဒရစ်)၊ မာလ်ဒီနီ(အေစီမီလန်)တို့ထက် နှစ်ကြိမ်လျော့နည်းလျက်ရှိသည်။

စပိန်ဝါရင့်ဂိုးသမား ကာဆီးလက်စ်က ချန်ပီယံလိဂ်ပွဲအများဆုံး ၁၈၁ ပွဲနှင့် ဥရောပကလပ်အသင်းပြိုင်ပွဲ ပွဲအများဆုံး ၁၈၈ ပွဲဖြင့် စံချိန်တင်ထားပြီး စီရော်နယ်လ်ဒိုမှာ ချန်ပီယံလိဂ်တွင် ၁၆၆ ပွဲ နှင့် ပြိုင်ပွဲစုံတွင် ပွဲ ၁၇၀ ကစားထားကာ မက်ဆီမှာမူ ၁၃၅ ပွဲနှင့် ၁၃၉ ပွဲစီ ကစားထားခြင်း ဖြစ်သည်။ သို့သော် စီရော်နယ်လ်ဒိုအနေဖြင့် မာလ်ဒီနီတင်ရှိထားသည့် Outfield Player   (ဂိုးသမားမှအပ) ချန်ပီယံလိဂ်ပွဲအများဆုံး ၁၇၄ ပွဲစံချိန်ကို ယခုရာသီအတွင်း ကျော်ဖြတ်နိုင်ဖွယ်ရှိနေသည်။ 

ချန်ပီယံလိဂ်သမိုင်းတွင် မတူညီသည့်အသင်း သုံးသင်းနှင့် ဆုဖလားရရှိသူအဖြစ် ဆီးဒေါ့ဖ်က (အေဂျက်စ် ၁၉၉၅၊ ရီးယဲလ်မက်ဒရစ် ၁၉၉၈၊ အေစီမီလန် ၂၀၀၃ နှင့် ၂၀၀၇) စံချိန်တင်ထားပြီး မတူညီသည့် အသင်းခြောက်သင်းနှင့် ပြိုင်ပွဲတွင်ဂိုးသွင်း နိုင်သူအဖြစ် အီဘရာဟီမိုဗစ်က အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ PSG၊ မန်ယူအသင်းများတွင်ကစားကာ မှတ်တမ်းရေးထိုးထားသည်။ စီရော်နယ်လ် ဒိုသည် ဆီးဒေါ့ဖ်၏စံချိန်ကို လိုက်မီရန်နီးစပ်နေသော်လည်း အီဘရာဟီမိုဗစ်ကိုမူ ကျော်ဖြတ်ရန် ဖြစ်နိုင်ခြေမရှိသလောက် နည်းပါးနေသည်။  

ချန်ပီယံလိဂ်ဗိုလ်လုပွဲ အသက်အကြီးဆုံးဂိုး သွင်းသူအဖြစ် မာလ်ဒီနီ(၃၆ နှစ် ၃၃၃ ရက်)၊ ချန်ပီယံလိဂ်အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် တော့တီ(၃၈ နှစ် ၅၉ ရက်)၊ ဥရောပဖလားတွင် ဘတ်မူလာ(၃၈ နှစ် ၂၉၃ ရက်)တို့ စံချိန်တင်ထားပြီး စီရော်နယ်လ်ဒို၊ မက်ဆီတို့မှာ ယင်းစံချိန်ရန် ချိုးဖျက်ရန်အခွင့်အရေး ရှိနေသည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရိုင်ယန်ဂစ်က ၁၆ ရာသီဆက်ဂိုးသွင်းကာ စံချိန်တင်ထားပြီး စီရော်နယ်လ်ဒို၊ မက်ဆီတို့မှာမူ ၁၄ ရာသီ ဆက်တိုက်ရှိလာခဲ့ပြီဖြစ်သည်။   

ထို့ပြင် ချန်ပီယံလိဂ်အမြန်ဆုံးဂိုး၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အမြန်ဆုံးဂိုး၊ ချန်ပီယံလိဂ် အမြန်ဆုံးဟက်ထရစ်၊ တစ်ရာသီအတွင်း ဥရောပသွင်းဂိုးအများဆုံး၊ ချန်ပီယံလိဂ်တစ်ပွဲ ပျမ်းမျှသွင်းဂိုးနှုန်း၊ ဥရောပကလပ်အသင်း ပြိုင်ပွဲ တစ်ပွဲပျမ်းမျှသွင်းဂိုးနှုန်းစသည့်စံချိန်များလည်း ကျန်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent