၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံကျော်ရှိကာ ၃၃ လအတွင်း ကျပ် ၂၁၁၃ ဘီလျံကျော်မြင့်တက်

၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံကျော်ရှိကာ ၃၃ လအတွင်း ကျပ် ၂၁၁၃ ဘီလျံကျော်မြင့်တက်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲ တစ်ခုတွင် ငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲ တစ်ခုတွင် ငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 14 September 2019
စည်သူအောင်



၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံကျော်ရှိကာ နှစ်နှစ်ခွဲအတွင်း ကျပ် ၂၁၁၃ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume IV) အရ သိရသည်။

၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ တန်ဖိုးမှာ ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၁၁၇၇၁ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဇွန်တွင် ကျပ် ၁၁၁၂၇ ဘီလျံ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၁၃၄၉ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၁၆၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံရှိပြီး  ၃၃ လအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုး ကျပ် ၂၁၁၃ ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ် ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash၊ Equivalents ကျပ် ၁၇၁၉ ဘီလျံ၊ ရွှေ ကျပ် ၃၅၀ ဘီလျံ၊ Placement with Foreign Banks ကျပ် ၃၇၆၁ ဘီလျံ၊ Deposit with Local Banks ကျပ် ၆၂၄ ဘီလျံ၊ IMF Related Assets ကျပ် ၂၉၈၂ သန်း၊ Other Assets (Foreign) ကျပ် ၅၂၃၉ သန်း၊ Domestic Securities ကျပ် ၁၂၂၃၄ ဘီလျံ၊ Loans to Bank ကျပ် ၁၃၁ သန်း၊ Property, Plant and Equipment ကျပ် ၁၄ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၉ ဘီလျံ၊ စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ် ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash၊ Equivalents ကျပ် ၂၁၄၉ ဘီလျံ၊ ရွှေ ကျပ် ၄၆၄ ဘီလျံ၊ Placement with Foreign Banks ကျပ် ၅၄၄၃ ဘီလျံ၊ Foreign Securities ကျပ် ၅၆၉ ဘီလျံ၊ Deposit with Local Banks ကျပ် ၇၉၅ ဘီလျံ၊ IMF Related Assets ကျပ် ၂၀၆ သန်း၊ Other Assets (Foreign) ကျပ် ၈ ဘီလျံ၊ Domestic Securities ကျပ် ၁၄၃၄၆ ဘီလျံ၊ Loans to Bank ကျပ် ၅၀ ဘီလျံ၊ Property, Plant and Equipment ကျပ် ၁၄ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၄ ဘီလျံ၊ စုစုပေါင်း ၂၃၉၇၇ ဒသမ ၂၁၅ ဘီလျံဖြစ်ပြီး  ၂၀၁၆ ခုနှစ် မတ်လထက် ကျပ် ၄၉၉၂ ဒသမ ၅၉၁ ဘီလျံမြင့်တက် ခဲ့သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Liabilities (ပေးရန်တာဝန်များ) မှာ Bank Deposit (Foreign) ကျပ် ၈၄၅ ဘီလျံ၊ Foreign Institutions Deposit ကျပ် ၂၉၃ သန်း၊ IMF Related Liabilities ကျပ် ၄၂၁ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၁၇၄ သန်း၊ Government Deposits ကျပ် ၄ ဘီလျံ၊ Bank Deposits (Domestic) ကျပ် ၃၀၆၆ ဘီလျံ၊ Other Deposits ကျပ် ၃၇၀ ဘီလျံ၊ Other Liabilities (Domestic) ကျပ် ၂၆၀ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၁၇၇၁ ဘီလျံ၊ Equity and Reserves ကျပ် ၂၂၄၄ ဘီလျံရှိပြီး စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံ ဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံ တော်ဗဟိုဘဏ်တွင်ရှိသော Liabilities (ပေးရန်တာဝန်များ) မှာ Bank Deposit (Foreign) ကျပ် ၁၂၁၉ ဘီလျံ၊ Foreign Institutions Deposit ကျပ် ၃၇၃ သန်း၊ Borrowing From Foreign Institutions ကျပ် ၁၀၂ ဘီလျံ၊ IMF Related Liabilities ကျပ် ၅၃၃ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၉၁ သန်း၊ Government Deposits ကျပ် ၅၀၁ ဘီလျံ၊ Bank Deposits (Domestic) ကျပ် ၂၉၈၀ ဘီလျံ၊ Other Deposits ကျပ် ၂၃၂ ဘီလျံ၊ Other Liabilities (Domestic) ကျပ် ၁၄၀ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့် လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၃၈၈၄ ဘီလျံ၊ Equity and Reserves ကျပ် ၄၄၈၄ ဘီလျံရှိပြီး စုစုပေါင်း ၂၃၉၇၇ ဒသမ ၂၁၅ ဘီလျံဖြစ် ကာ၂၀၁၆ ခုနှစ် မတ်လထက် ကျပ် ၄၉၉၂ ဒသမ ၅၉၁ ဘီလျံ မြင့်တက်ခဲ့သည်။

 

 

Most Read

Most Recent