၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ် ၁၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၂၀၀၀၀ ကျော်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၂၇၃ သန်းကျော် ရရှိခဲ့ပြီး လက်ရှိပျမ်းမျှတစ်တန်စျေးနှုန်း ကျပ် ၇၈၅၀၀၀ ကျော်ရှိသဖြင့် တောင်သူများ အကျိုးအမြတ်ရှိနိုင်သည့်စျေးနှုန်းဖြစ်ဟုဆို

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ် ၁၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၂၀၀၀၀ ကျော်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၂၇၃ သန်းကျော် ရရှိခဲ့ပြီး လက်ရှိပျမ်းမျှတစ်တန်စျေးနှုန်း ကျပ် ၇၈၅၀၀၀ ကျော်ရှိသဖြင့် တောင်သူများ အကျိုးအမြတ်ရှိနိုင်သည့်စျေးနှုန်းဖြစ်ဟုဆို
ဘုရင့်နောင်ရှိ ပဲမျိုးစုံရောင်းချသည့် ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ဘုရင့်နောင်ရှိ ပဲမျိုးစုံရောင်းချသည့် ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 3 September 2019
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၁၆ ရက်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၂၀၀၀၀ ကျော်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၂၇၃ သန်း ကျော်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ပျမ်းမျှတစ်တန်စျေးနှုန်းသည် ကျပ် ၇၈၅၀၀၀ ကျော်ခန့် ရှိသဖြင့် တောင်သူများ အကျိုးအမြတ်ရှိနိုင် သည့်စျေးနှုန်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတင်ပို့မှုတွင်   ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၆၁၇၆၆၊ တန်ဖိုးဒေါ်လာ ၆၇၂ ဒသမ ၂၈၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၂၇၉၆၅ ၊ တန်ဖိုးဒေါ်လာ ၃၄၄ ဒသမ ၀၄၃ သန်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  သြဂုတ်လ ၁၆ ရက်အထိ တန်ချိန် ၅၂၃၁၇၇ တန်ဖိုးဒေါ်  လာ ၂၇၃ ဒသမ ၉၁၂ သန်း တင်ပို့နိုင်ခဲ့ပါ တယ်။   လက်ရှိပျမ်းမျှ တစ်တန်စျေးနှုန်းသည် ၇၈၅၃၃၂ ကျပ်ခန့်ဖြစ်လို့ မတ်ပဲစိုက်တောင် သူများအတွက် အကျိုးအမြတ်ရှိနိုင်တဲ့စျေးနှုန်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးဦးအောင် ထူးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ သန်းအောင်စိုးက  ‘မတ်ပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိစေရန်အတွက် နိုင်ငံတကာတွင်  ခိုင်မာသောစျေးကွက်ရရှိအောင် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း’ နှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မတ်ပဲအပါအဝင် ပဲမျိုးစုံအများဆုံး ဝယ်ယူသည့်နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပြီး ပါကစ္စတန်၊ ယူအေအီး၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဗီယက်နမ်၊ နီပေါ၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။

“နိုင်ငံတကာစျေးကွက်သို့ တင်ပို့သော မတ်ပဲနှင့်ပတ်သက်၍ ပိုးမွှားကင်းရှင်းကြောင်း  သက်သေခံလက်မှတ်ကို တင်သွင်းသောနိုင်ငံ၏ လိုအပ်ချက်များအတိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနမှ စိစစ်ထုတ် ပေးလျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ သြဂုတ် ၃၀ ရက်တွင် ပြည်တွင်းမတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ်ရ၅၂၅၀၀ နှင့်  SQ တစ်တန်လျှင် ကျပ် ၈၉၇၅ဝဝစျေးဖြင့် အ ရောင်းအဝယ်ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက် တွင် ပြည်တွင်းမတ်ပဲစျေး FAQ တစ်တန် လျှင် ကျပ် ၇၅၃၀၀၀ နှင့်  SQ တစ်တန်လျှင် ကျပ် ၈၉၈ဝဝဝစျေးဖြင့် အရောင်းအဝယ်ရှိ  ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁ ရက် က မတ်ပဲ FAQ တစ်တန် လျှင် ကျပ် ၈၄၇၀၀၀ နှင့်  SQ တစ်တန်လျှင် ကျပ် ၁၀၁၀၀၀၀ စျေး၊ ဇူလိုင် ၄ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၄၉၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၄၀၀၀ စျေး ရှိခဲ့ပြီး ဇူလိုင် ၅ ရက်တွင် မတ်ပဲ FAQ တစ် တန်လျှင်ကျပ် ၈၅၂၀၀၀ နှင့်  SQ တစ်တန် လျှင် ကျပ် ၁၀၁ရဝဝဝစျေးခဲ့ကာ ဇူလိုင် ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၅၀၀၀၀ နှင့်  SQ တစ်တန်လျှင် ကျပ် ၁၀၁၀၀၀၀ စျေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးလျက် ရှိသည့် ပဲမျိုးစုံ တိုးချဲ့တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောငး်ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပဲမျိုးစုံအား နှစ်နိုင်ငံ G to G လက်မှတ်ရေးထိုးတင်ပို့နိုင်ရေး ထပ်မံညှိနှိုင်းခဲ့ကြပြီး G to G လက်မှတ်မထိုးမီ အ ချက်သုံးချက် တောင်းဆိုခဲ့ကြောင်း၊ ပထမအချက်အနေဖြင့် ယခုနှစ်အတွက် တင်သွင်း ခွင့်ခွဲတမ်းထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန်ပေးရန်၊ ဒုတိယအချက်အနေဖြင့် မတ်ပဲကို ခွဲတမ်းပို၍ သတ်မှတ်ပေးရန်နှင့် တတိယအချက်အနေဖြင့် ခွဲတမ်းကို သုံးလ သာမဟုတ်ဘဲ တစ်နှစ်ပတ်လုံးတင်သွင်းခွင့် ပြုပေးရန် တောင်းဆိုခဲ့သည်။

ယင်းသို့တောင်းဆိုခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ပဲတီစိမ်းတန်ချိန် ၁ ဒသမ၅ သိန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲစင်းငုံတန် ချိန်နှစ်သိန်း၊ ပဲလုံး တန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းခွင့်ပြုခဲ့သည်။

 

 

 

Most Read

Most Recent