ကားအမည်ပေါက် ပြောင်းလဲခြင်းနှင့်ပတ်သက်၍ တစ်ဆင့်ပြန်လည်ဝယ်ယူသူများကိုဝယ်ယူသည့်နေ့မှ ခြောက်လအတွင်း မိမိအမည်ပြောင်းရန်သတ်မှတ်သင့်ကြောင်းနှင့် ကားတန်ဖိုး၏ငါးရာခိုင်နှုန်းထက်မများသော အခွန်လျှော့ပေါ့ပေးရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ကားအမည်ပေါက် ပြောင်းလဲခြင်းနှင့်ပတ်သက်၍ တစ်ဆင့်ပြန်လည်ဝယ်ယူသူများကိုဝယ်ယူသည့်နေ့မှ ခြောက်လအတွင်း မိမိအမည်ပြောင်းရန်သတ်မှတ်သင့်ကြောင်းနှင့် ကားတန်ဖိုး၏ငါးရာခိုင်နှုန်းထက်မများသော အခွန်လျှော့ပေါ့ပေးရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 23 August 2019
စိုးမင်းထိုက်၊ စည်သူ

ကားအမည်ပေါက်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ တစ်ဆင့်ပြန်လည်ဝယ်ယူသူများကို ဝယ်ယူသည့်နေ့မှ ခြောက်လအတွင်း မိမိအမည်ပြောင်းရန် သတ်မှတ်သင့်ကြောင်းနှင့်  ကားတန်ဖိုး၏ ငါးရာခိုင်နှုန်းထက် မများသော အခွန်လျှော့ပေါ့ပေးရန် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန် ကြီးဌာန/အဖွဲ့အစည်းများ၏ ပထမခြောက် လပတ် အခွန်ရငွေစာရင်းများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့ လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၂/၂၀၁၉) တို့နှင့်စပ်လျဉ်း၍  သြဂုတ် ၂၃ ရက်က ပြုလုပ်သော  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

“မူလကားပိုင်ရှင်များထံမှတစ်ဆင့် ပြန်လည် ဝယ်ယူသုံးစွဲသူများကို စတင်ဝယ်ယူသည့်နေ့မှ ခြောက်လအတွင်း မိမိနာမည်ပြောင်းရန် သတ်မှတ်သင့်ပါတယ်။ ကားအမည်ပြောင်းသူများဟာ မြင့်မားသော ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အခွန်နှုန်းထားကြောင့် အမည်မပြောင်းကြတော့၍ နိုင်ငံတော်ဘဏ္ဍာငွေ မရတော့ပါဘူး။ ယင်းအစား ကားတန်ဖိုးအလိုက် ငါးရာခိုုင်နှုန်းထက်မများသောအ ခွန်ကို လျှော့ပေါ့ပေးကာ လွယ်ကူသောနည်း ဖြင့် ကားပိုင်ရှင်တိုင်း မိမိအမည်ပေါက် လုပ်ခွင့်ပေးပါက (၁)အခွန်ငွေများပြားတိုးတက် လာသလို (၂)ယာဉ်နှင့်ဆက်နွှယ်သော တရား ဥပဒေနှင့် မလွတ်ကင်းသော အမှုကွင်းဆက် ကို လိုက်ရာတွင်လည်း လွယ်ကူစေပါမယ်”  ဟု ဦးမောင်မောင်အုန်းက ပြောကြားသည်။ 

မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများနှင့်ပတ် သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်ကောက်ခံရန် လျာထားချက် ကျပ် ၅၈၀၇၇ ဒသမ ၉၂၄ သန်းအနက် ကောက်ခံရရှိငွေ ကျပ် ၁၁၃၇၈၆ ဒသမ ၇၃၇ သန်းဖြစ်၍ ၁၉၅ ဒသမ ၉၂ ရာခိုင်နှုန်းဖြစ်ပြီး ပြည်ပတင်သွင်းယာဉ်များ အချိန်မီလာရောက် ဆောင်ရွက်ခြင်းမပြုပါက ဒဏ်ကြေးကောက် ခံခြင်းကြောင့်လည်းကောင်း၊ မော်တော်ဆိုင်ကယ် ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက် ခြင်းကြောင့်လည်းကောင်း၊ နှစ်လဲမှတ်ပုံတင်ဆောင်ရွက်သော ယာဉ်စီးရေနှင့် ယာဉ်မောင်းလိုင်စင်စောင်ရေ တိုးတက်များပြားလာခြင်း ကြောင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်မှစ၍ ယာဉ်မောင်းလိုင်စင်အခနှုန်းထား ပြောင်းလဲကောက်ခံခြင်းကြောင့်လည်းကောင်း ပိုမိုကောက်ခံရရှိခြင်းဖြစ် ကြောင်း ၎င်းက ပြောကြားသည်။

အခွန်နှုန်းထားများသည် အခွန်ထမ်း ပြည်သူများအတွက် ဝန်မပိစေသော ဝန််ထုပ်ဝန်ပိုးမဖြစ်စေသည့် အခွန်ဖြစ်ရန် လိုအပ်ပြီး သို့မှသာ အခွန်ရှောင်လိုသည့်စိတ်ထက် အခွန်ဆောင်လိုသည့် စိတ်ဓာတ်များ ပိုမိုဖြစ် လာပြီး မသမာမှုများလည်း လျော့နည်းလာ ကာ အခွန်ထမ်းများ၏ အခွန်ငွေအားလုံးသည်လည်း ပြည်သူ့ဏ္ဍာထဲသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုကလည်း ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဖွံ့ဖြိုးပြီး (သို့မဟုတ်)ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် အခွန်ကိုသာ အားကိုးနေရပြီး အခွန်နှင့်ရပ်တည်နေရသည်ဆိုသည်မှာ ငြင်းမရသည့်အချက်ဖြစ်သော်လည်း အခွန်များကို တိုးကောက်ခြင်းဆိုသည့် နည်းမျိုးထက် သက်သာသည့်အခွန်နှုန်းထားနှင့် ပြည်သူအများက စိတ်ပါလက်ပါ ကိုယ့်အသိနှင့်ကိုယ် အခွန်ဆောင်ချင်သည့်အလေ့အထမျိုး များများကျင့်သုံးရန်အတွက် မီဒီယာ၊ သတင်းစာ၊ TV တို့တွင် နှိုးဆော်ပညာပေးရန် မကြာမကြာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားသည်။             

 

Most Read

Most Recent