ဘရာဇီးလ်အသင်းနှင့်ခြေစမ်းပွဲကစားရန် ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) စီစဉ်နေ

ဘရာဇီးလ်အသင်းနှင့်ခြေစမ်းပွဲကစားရန် ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) စီစဉ်နေ
Photos: Getty Images
Photos: Getty Images
Published 21 August 2019

The Straits Times ၏ ဖော်ပြချက်အရ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ ချန်ပီယံ ဘရာဇီးလ်အသင်းသည် လာမည့်အောက်တိုဘာတွင် အရှေ့တောင်အာရှသို့ လာရောက်ပြီး ထိုင်းအသင်းနှင့် စင်ကာပူအမျိုးသားဘောလုံးကွင်းတွင် ခြေစမ်းပွဲကစားဖွယ်ရှိနေကြောင်း သိရသည်။ 

ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ဘရာဇီးလ်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်နေကြောင်း စင်ကာပူသတင်းစာ The Straits Times က ဖော်ပြခဲ့သည်။ 

The Straits Times ၏ ဖော်ပြချက်အရ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ ချန်ပီယံ ဘရာဇီးလ်အသင်းသည် လာမည့်အောက်တိုဘာတွင် အရှေ့တောင်အာရှသို့ လာရောက်ပြီး ထိုင်းအသင်းနှင့် စင်ကာပူအမျိုးသားဘောလုံးကွင်းတွင် ခြေစမ်းပွဲကစားဖွယ်ရှိနေကြောင်း သိရသည်။ 

FAT သည်  အဆိုပါခြေစမ်းပွဲအတွက် ဘရာဇီးလ်ဘောလုံးအဖွဲ့ ချုပ်၊ စင်ကာပူဘောလုံးအဖွဲ့ချုပ်တို့ နှင့် ဆွေးနွေးနေကြောင်း The Straits Times က ဖော်ပြခဲ့သည်။



ထိုင်းအသင်းသည် အောက်တိုဘာ (၁၅) ရက်တွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်အဖြစ် ယူအေအီးအသင်းနှင့်ကစားမည် ဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ အောက်တိုဘာ(၁၁) ရက်တွင် ဘရာဇီးလ်အသင်းနှင့်  ခြေစမ်းပွဲကစားရန် စီစဉ်နေခြင်းဖြစ်သည်။

Most Read

Most Recent