၂၀၃၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရန် စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS) ရည်မှန်း

၂၀၃၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရန် စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS) ရည်မှန်း
Photos: Getty Images
Photos: Getty Images
Published 21 August 2019

FAS ဒုဥက္ကဋ္ဌ အက်ဒ်ဝင်းတန်က လာမည့် (၁၅) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် ရည်မှန်းထားကြောင်းပြောကြားခဲ့သည်။ 

စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS)သည် လာမည့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ရန်ရည်မှန်းနေကြောင်း သိရသည်။ 

FAS ဒုဥက္ကဋ္ဌ အက်ဒ်ဝင်းတန်က လာမည့် (၁၅) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် ရည်မှန်းထားကြောင်းပြောကြားခဲ့သည်။ 

အက်ဒ်ဝင်းတန်က "၂၀၃၄ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲအသင်း (၄၈) သင်းရှိမှာဆိုတော့ အာရှက (၈) နေရာရမှာပါ။ ဒါကြောင့် ၂၀၃၄ မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ခက်ခဲမှာဖြစ်ပေမယ့် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တော့ မဟုတ်ပါဘူး"ဟု The Straits Times သတင်းစာနှင့် တွေ့ဆုံရာတွင်  ပြောကြားခဲ့သည်။

Most Read

Most Recent