ဝုလ်ဗ်ကစားသမားဘဝတစ်လျှောက် သွင်းဂိုး(၁၁)ဂိုး သွင်းယူထားသော်လည်း နေးဗက်စ်၏ ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက်မှာ (၆)ကြိမ်သာ ရှိနေ

ဝုလ်ဗ်ကစားသမားဘဝတစ်လျှောက် သွင်းဂိုး(၁၁)ဂိုး သွင်းယူထားသော်လည်း နေးဗက်စ်၏ ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက်မှာ (၆)ကြိမ်သာ ရှိနေ
Published 20 August 2019

ဝုလ်ဗ်ကွင်းလယ်လူ ရူဘင်နေးဗက်စ်သည် ၎င်း၏ ဝုလ်ဗ်ကစားသမားဘဝတစ်လျှောက်တွင် ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက်မှာ (၆)ကြိမ်သာ ရှိကြောင်း သိရသည်။

သို့သော် ၎င်း၏ ဂိုးသွင်းနှုန်းမှာ ကွင်းလယ်ကစားသမားတစ်ဦးအနေဖြင့် နိမ့်ကျခြင်းမရှိဘဲ ဝုလ်ဗ်အသင်းအတွက် သွင်းဂိုး(၁၁)ဂိုးအထိ သွင်းဂိုးထားသည်။

ထို့ကြောင့် ၎င်း၏ သွင်းဂိုးပမာဏနှင့်ယှဉ်လျှင် ပယ်နယ်တီဧရိယာအတွင်းထိချက်မှာ သိသိသာသာလျော့နည်းနေခြင်းဖြစ်သည်။

ပယ်နယ်တီဧရိယာအတွင်း ထိချက်နည်းရခြင်းမှာ နေးဗက်စ်သည် ကွင်းလယ်အထိုင်ကစားသမားတစ်ဦးဖြစ်၍ နည်းဗျူဟာအရ ရှေ့တက်ကစားရန် ကန့်သတ်ခံထားရခြင်းကြောင့်ဖြစ်ပြီး သွင်းဂိုးများနေရခြင်းမှာ အဝေးကန်ချက်များ ကောင်းမွန်ခြင်းကြောင့် ဖြစ်သည်ဟု Daily Mail သတင်းစာက သုံးသပ်ခဲ့သည်။

နေးဗက်စ်သည် မန်ယူအသင်းနှင့် (၁-၁)သရေကျသည့်ပွဲစဉ်တွင်လည်း ချေပဂိုးကို ပယ်နယ်တီဧရိယာအပြင်မှ လှလှပပ ကန်သွင်းယူပေးနိုင်ခဲ့သည်။

ယင်းသွင်းဂိုးကြောင့် နေးဗက်စ်၏ ဝုလ်ဗ်ကစားသမားဘဝတစ်လျှောက်တွင် ပယ်နယ်တီဧရိယာအပြင်ဘက်မှ သွင်းဂိုးမှာ (၉)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။

နေးဗက်စ်သည် ယင်းပွဲ၏အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent