တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး စစ်ဘက်နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုများတွင် ရုရှားနိုင်ငံက ကူညီဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေးခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး စစ်ဘက်နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုများတွင် ရုရှားနိုင်ငံက ကူညီဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေးခဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ Cathedral of Christ the Saviour ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်လေ့လာစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ Cathedral of Christ the Saviour ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်လေ့လာစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )
Published 18 August 2019
မင်းနိုင်စိုး

ရုရှားနိုင်ငံတွင် ပြုလုပ်လျက်ရှိသည့်  International Army Games – 2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr.Mikhail Arkadievich Dmitriev  နှင့် အဖွဲ့ ဝင်များက Metropol ဟိုတယ်၌ လာရောက်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် စစ်ဘက် နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှုများတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သြဂုတ် ၁၇ ရက် ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ရုရှား-မြန်မာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊  စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်တာများ တည်ဆောက်၍ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းစသည့် စီးပွားရေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေးကိစ္စများတွင် ကူညီဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချစ်ကြည်ရေးအသင်းများမှ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် စစ်ဘက်နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှုများတွင် ရုရှားနိုင်ငံက ကူညီဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်  မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ Gorky Park နှင့် Cathedral of Christ the Saviour ဘုရားကျောင်းများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

Gorky Park ကို ၁၉၂၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မော်စကို မြစ်ကမ်းနံဘေးတွင် အများပြည်သူ အပန်းဖြေနားနေရန်နှင့် ပန်းခြံသမိုင်းပြတိုက်ကို ပေါင်းစပ်ဖန် တီးထားသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ပန်းခြံ၏ အဓိကဝင်ပေါက်ကို ရုရှားရိုးရာဗိသုကာပညာနှင့် ခေတ်သစ်နည်းပညာများဖြင့် ပေါင်းစပ်ဖန်တီးတည်ဆောက်ထားပြီး ပန်းခြံ၏ အတွင်းဘက်တွင် ရေပန်းများ၊ ကျောက်ဆစ်ပန်းပုရုပ်တုများနှင့် သဘာဝရှုခင်းများဖြင့် ပြုပြင်ဖန်တီးထားကာ မော်စကို၏ အဓိကအနားယူအပန်းဖြေသည့် နေရာတစ်ခု အဖြစ်ထင်ရှားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် အဖွဲ့ဝင်များသည် Cathedral of Christ the Saviour ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်လေ့လာကြရာ ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဘုရားရှိခိုးကျောင်း သမိုင်းအကျဉ်းနှင့် ပြန်လည်ပြုပြင်တည်ဆောက်ထားမှုများ၊ ဘုရားကျောင်းအပေါ်ထပ်မှ မော်စကိုမြို့ ရှုခင်းများကို မြင်တွေ့ရပုံများ လိုက်လံရှင်းလင်းပြသရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။            

Most Read

Most Recent