၂၀၁၈ ခုနှစ်တွင် ထိုင်းမှ မြန်မာသို့ ပို့ကုန်အရေအတွက် ၇ ဒသမ ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မြန်မာမှ ထိုင်းသို့တင်သွင်းသည့်သွင်းကုန်မှာ ၂၁ ဒသမ ၆ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဖော်ပြ

၂၀၁၈ ခုနှစ်တွင် ထိုင်းမှ မြန်မာသို့ ပို့ကုန်အရေအတွက် ၇ ဒသမ ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မြန်မာမှ ထိုင်းသို့တင်သွင်းသည့်သွင်းကုန်မှာ ၂၁ ဒသမ ၆ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဖော်ပြ
ဇူလိုင် ၂၅ ရက်က ထိုင်းသံရုံး၌ Myanmar Insight Seminar 2019 သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဇူလိုင် ၂၅ ရက်က ထိုင်းသံရုံး၌ Myanmar Insight Seminar 2019 သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 25 July 2019
ဇေယျာငြိမ်း

၂၀၁၈ ခုနှစ်တွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ဒေါ်လာ ၇ ဒသမ ၆၄ ဘီလျံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ရရှိမှုထက် ၁၂ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုင်းမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်အရေအတွက်သည် ၇ ဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး မြန်မာမှ ထိုင်းသို့တင်သွင်းသည့် သွင်းကုန်မှာလည်း ၂၁ ဒသမ ၆ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားကြောင်း ဇူလိုင် ၂၅ ရက်က ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ကျင်းပသည့် Myanmar Insight Seminar 2019 ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ထိုင်းနိုင်ငံ၏ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်များတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးသည် ယခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၅ ဘီလျံအထိ တိုးတက်ရောက်ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ပထမခြောက်လအတွင်း ရရှိသည့် အမေရိကန်ဒေါ်လာ ၂၁ သန်းကိုကျော်ပြီး သာလွန်ရရှိခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးမှာလည်း ၂၀၁၉ ခုနှစ် မေလအထိ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၂၈ ဘီလျံကျော်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ် လာ ၇ ဒသမ ၆၄ ဘီလျံအထိ မှတ်တမ်းတင်ရောက်ရှိခဲ့ပြီး ယခင်နှစ်ရရှိမှုထက် ၁၂ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုင်းမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်အရေအတွက်သည် ၇ ဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံရှိကာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းသည့် သွင်းကုန်မှာလည်း ၂၁ ဒသမ ၆ ရာခိုင်နှုန်း ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ သုံးဘီလျံသို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ အသင်း (TBAM) တို့ပူးပေါင်းကာ လာမည့်သြဂုတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Central World ရှိ စင်ထရယ်ဟိုတယ်တွင် လေးကြိမ်မြောက် Myanmar Insight Seminar 2019 ကို စီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို လာရောက်တိုးချဲ့လုပ်ကိုင်လိုသော ရင်းနှီးမြှုပ်နှံလိုသော ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို တိကျသေချာသော သက်ဆိုင်ရာ သတင်းအချက်အလက်များကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဆွေးနွေးပွဲကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမူ ၀ါဒရေးဆွဲသူများမှလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာမူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အချက်အလက်အသစ်များကို ဝေမျှပေးနိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကလည်း ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်ဝေမျှ ပေးနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စျေးကွက်အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် ထိုင်းရင်းနှီးမြှုပ်နှံသူအသစ်များမှာ ကောင်းစွာပြင်ဆင်ခွင့်ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်း-မြန်မာ သဘာဝကျကျမဟာ ဗျူဟာမိတ်ဖက်ဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို သိရှိနိုင်ဖို့ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E.Mrs.Suphatra Srimaitreephithak က  ပြောကြားသည်။                        

Most Read

Most Recent