၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများနှင့် စီမံကိန်းအသစ်များအတွက် အသုံးစရိတ် ကျပ်ဘီလျံတစ်သောင်းကျော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတောင်းခံထားရာ စုစုပေါင်းဘတ်ဂျက်၏ သုံးပုံတစ်ပုံခန့်ရှိ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများနှင့် စီမံကိန်းအသစ်များအတွက် အသုံးစရိတ် ကျပ်ဘီလျံတစ်သောင်းကျော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတောင်းခံထားရာ စုစုပေါင်းဘတ်ဂျက်၏ သုံးပုံတစ်ပုံခန့်ရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့်  ပြည့်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေစဉ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် ပြည့်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေစဉ်
Published 23 July 2019
စိုးမင်းထိုက်၊ စည်သူ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများနှင့် စီမံကိန်းအသစ်များအတွက် ကျပ်ဘီလျံတစ် သောင်းကျော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တောင်းခံထားရာ စုစုပေါင်းဘတ်ဂျက်၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တောင်းခံထားသည့် အသုံးစရိတ်ကျပ်ဘီလျံ ၁၀၂၅၀ ဒသမ ၉၇၃ တွင် ဝန်ကြီးဌာန/ဦးစီးဌာနများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအတွက် ကျပ် ၈၁၅၈ ဒသမ ၄၉၇ ဘီလျံ နှင့်  ကော်ပိုရေးရှင်းများအတွက် ကျပ် ၂၀၉၂ ဒသမ ၄၇၅ ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့်  ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအ သုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဇူလိုင် ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  လွှတ်တော်သို့တင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက ကျပ်ဘီလျံ ၃၂၃၄၀ တောင်းခံရာ လျှပ်စစ်ကဏ္ဍတစ်ခုတည်းက တောင်းခံမှုမှာစုစုပေါင်းဘတ် ဂျက်၏ သုံးပုံတစ်ပုံခန့်ရှိနေခြင်း ဖြစ်သည်။

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများကို ဥပဒေကြမ်း၌ တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေကျပ် ၁၄၆၆ ဒသမ ၅၇၅ ဘီလျံဖြင့် ဆောင်ရွက်မည်ဖြစ်ပြီးသာမန်၊ ငွေလုံးငွေ ရင်း၊ ကြွေးမြီရငွေ စုစုပေါင်းကျပ် ၉၅၆၉ ဒသမ ၉၄၉ ဘီလျံ နှင့် အသုံးစရိတ် စုစုပေါင်း ကျပ်ဘီလျံ ၁၀၂၅၀ ဒသမ ၉၇၃ ကို ခွင့်ပြုပေးရန် ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ဆက်လက်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများတွင် ၆၆ ကေဗွီ ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ ၂၃၀ ကေဗွီ၊ ၅၀၀ ကေဗွီ၊ ၁၃၂ ကေဗွီဓါတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ မြန်အောင် ၂၃ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ အလယ်ပေါင်းလောင်း ၁၅၂ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေလီ (၃) ၆၇၁ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံ ကိန်း၊ အထက်ရဲရွာ၂၈၀ မဂ္ဂါဝပ် ရေအားလျှပ် စစ်စီမံကိန်း၊ သူဌေး ၁၁၁ မဂ္ဂါဝပ် ရေအား လျှပ်စစ်စီမံကိန်းနှင့် အထက်ကျိုင်းတောင်း ၅၁ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အထက်ပါဘဏ္ဍာနှစ်အတွင်း ထပ်မံဆောင်ရွက်မည့် စီမံကိန်းသစ်များတွင် မဟာဗျူဟာမြောက် လုပ်ငန်းစီမံကိန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၂၃၀/ ၆၆ ကေဗွီကျိုင်းတုံပင်မခွဲရုံ၊ မိုင်းခတ် ၆၆ ကေဗွီလိုင်း ၅၁ မိုင်နှင့် မိုင်းခတ်မြို့နယ် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေခွဲရုံတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်း စီမံကိန်းသစ်များတွင် ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ ၂၃၀ ကေဗွီ၊ ၅၀၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းနှင့် အလုံမဂ္ဂါဝပ် ၁၂၀  ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ ကျွန်းချောင်း မဂ္ဂါဝပ် ၂၀ ဓာတ်အားပေးစီမံကိန်း၊ သန်လျင်မဂ္ဂါဝပ် ၃၅၀  ဓါတ်အားပေးစီမံကိန်း၊ သာကေတမဂ္ဂါဝပ် ၄၀၀  ဓါတ်အားပေးစီမံကိန်း၊ ကျောက်ဖြူမဂ္ဂါဝပ် ၁၅၀ ဓာတ်အား ပေးစီမံကိန်း၊ မကွေး ၆၆ မဂ္ဂါဝပ် ဓါတ်အားပေး စီမံကိန်း၊ ရွှေတောင် ၂၈ မဂ္ဂါဝပ် ဓာတ်အားပေးစီမံကိန်းနှင့် ဆိပ်ကြီးခနောင်တိုမဂ္ဂါဝပ် ၃၀၀ ဓာတ်အားပေးစီမံကိန်းတို့ ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။        

Most Read

Most Recent