ဟာဇက်၏ နေရာကိုအစားဝင်ရန် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခြင်းမဟုတ်ကြောင်း ပူလီဆစ် ပြောကြား

ဟာဇက်၏ နေရာကိုအစားဝင်ရန် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခြင်းမဟုတ်ကြောင်း ပူလီဆစ် ပြောကြား
Photo: Twitter
Photo: Twitter
Published 20 July 2019

ချယ်လ်ဆီးတောင်ပံကစားသမားသစ် ပူလီဆစ်က မိမိအနေဖြင့် ဟာဇက်၏အစားဝင်ရန် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခြင်းမဟုတ်ကြောင်းနှင့် အသင်းကို အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးတောင်ပံကစားသမားသစ် ပူလီဆစ်က မိမိအနေဖြင့် ဟာဇက်၏အစားဝင်ရန် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခြင်းမဟုတ်ကြောင်းနှင့် အသင်းကို အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက် (၂၀) အရွယ်ရှိ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်ကို ယခုနွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည့် ဟာဇက်နေရာတွင် အစားထိုးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။ 

သို့သော် ပူလီဆစ်က ဟာဇက်မှာ အလွန်တော်သည့်ကစားသမားဖြစ်ပြီး မိမိအနေဖြင့် ကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပူလီဆစ်က "ကျွန်တော် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာတာက သူများနဲ့နှိုင်းယှဉ်ဖို့ မဟုတ်ပါဘူး။ ဟာဇက်က အရမ်းတော်တဲ့ ကစားသမားဖြစ်ပြီး ချယ်လ်ဆီးအတွက် သူလုပ်ပေးခဲ့တာတွေ အများကြီးပါ။ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ဟာဇက် စွမ်းဆောင်ပေးခဲ့တာတွေကို လူတိုင်းသိပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်ဖို့ ကြိုးစားရဦးမှာပါ။ ကျွန်တော့်အနေနဲ့ အသင်းကို ကူညီပေးနိုင်ဖို့ ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ပူလီဆစ်သည် ဇူလိုင်လ (၁၈) ရက်က ကစားခဲ့သည့် ဂျပန်ကလပ် ကာဝါဆာကီအသင်းနှင့် ရာသီကြိုခြေစမ်းပွဲတွင် ချယ်လ်ဆီးအသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် ကာဝါဆာကီအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။