မူးယစ်ဆေးသုံးစွဲခဲ့ဖူးကြောင်း ဥရောပရွှေဖိနပ်ဆု(၂)ကြိမ်ရခဲ့ဖူးသည့် ပေါ်တိုတိုက်စစ်မှူးဟောင်း ဂျာဒယ်လ် ဝန်ခံ

မူးယစ်ဆေးသုံးစွဲခဲ့ဖူးကြောင်း ဥရောပရွှေဖိနပ်ဆု(၂)ကြိမ်ရခဲ့ဖူးသည့် ပေါ်တိုတိုက်စစ်မှူးဟောင်း ဂျာဒယ်လ် ဝန်ခံ
  Photos: The Sun,Marca,Recoard
Photos: The Sun,Marca,Recoard
Published 19 June 2019

ဂျာဒယ်လ်က ဥရောပကလပ်များတွင် ကစားစဉ်က မိမိအနေဖြင့် မူးယစ်ဆေးသုံးစွဲခြင်းဖြစ်ကြောင်းနှင့် ဆေးစစ်မှုများကိုရှောင်လွှဲနိုင်ရန်အတွက် အားလပ်ရက်များတွင်သာ သုံးစွဲခဲ့ကြောင်း Youtube Channel တစ်ခုဖြစ်သည့် Pilhado နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

 

ဥရောပရွှေဖိနပ်ဆုကို (၂) ကြိမ်အထိ ရခဲ့ဖူးသည် ပေါ်တိုနှင့် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း မာရီယိုဂျာဒယ်လ်က မိမိအနေဖြင့် ကစားသမားဘဝတွင် မူးယစ်ဆေးသုံးစွဲခဲ့ဖူးကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၄၅) နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျာဒယ်လ်သည် ပေါ်တို၊ ဂါလာတာစာရေး၊ စပို့တင်းလစ္စဘွန်း၊ ဘော်လ်တန်စသည့် ဥရောပကလပ်များတွင် ကစားခဲ့သူဖြစ်ပြီး ၁၉၉၈-၉၉ နှင့် ၂၀၀၀-၀၁ ရာသီများတွင် ဥရောပရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သူဖြစ်သည်။ ဂျာဒယ်လ်က ဥရောပကလပ်များတွင် ကစားစဉ်က မိမိအနေဖြင့် မူးယစ်ဆေးသုံးစွဲခြင်းဖြစ်ကြောင်းနှင့် ဆေးစစ်မှုများကိုရှောင်လွှဲနိုင်ရန်အတွက် အားလပ်ရက်များတွင်သာ သုံးစွဲခဲ့ကြောင်း Youtube Channel တစ်ခုဖြစ်သည့် Pilhado နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဂျာဒယ်လ်က " ဥရောပကလပ်တွေမှာ ကစားတုန်းက မူးယစ်ဆေးကမ္ဘာထဲကို ကျွန်တော်ရောက်သွားခဲ့ပါတယ်။ လူတချို့က ကျွန်တော့်ကို မူးယစ်ဆေးနဲ့ စတင်မိတ်ဆက်ပေးခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဘောလုံးရာသီ အတွင်းမှာ ဆေးစစ်ဆေးမှုတွေရှိတာကြောင့် အားလပ်ရက်တွေမှာပဲ ပုံမှန်သုံးဖြစ်ခဲ့ပါတယ်။ ဒါက ဘောလုံးရဲ့ပြဿနာတစ်ခုဖြစ်ပြီး ဝင်ငွေကောင်းလာတာနဲ့အမျှ ထောင်ချောက်တွေ၊ ဆွဲဆောင်မှုတွေကလည်းပြည့်နေ ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂျာဒယ်လ်က မိမိအနေဖြင့် ယခုအခါ ဆေးပြတ်သွားပြီဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ " အခုတော့ ကျွန်တော်ဆေးပြတ်သွားပါပြီ။ ကျွန်တော့်အမျိုးသမီးက ကူညီခဲ့တာပါ။ ပြီးတော့ ကလေးတွေအတွက် ဂုဏ်ယူစရာဖခင်ဖြစ်တာလည်းပါပါတယ်။ လူငယ်တွေ ကျွန်တော့်လို လမ်းမမှားဖို့ ဆုတောင်းပါတယ်" ဂျာဒယ်လ်က ပြောကြားခဲ့သည်။

Most Read

Most Recent