နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ ပြန်လည်မြင့်တက်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ ပြန်လည်မြင့်တက်
Published 8 September 2017

စက်တင်ဘာ ၇ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ကျရိပ်ပြနေသော်လည်း ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်ဝန်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် သြဂုတ် ၂၉ ရက်တွင် ၉၁ ဒသမ ၅၉ ပွိုင့်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၂၁ ရက်မှ စတင်ကာ ၉၄ ပွိုင့်အောက် ရောက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှ စတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့်အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက်၊ သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက်အထိ ကျဆင်းခဲ့သည်။ သြဂုတ် ၄ ရက်တွင် ၉၃ ပွိုင့်အထက်၊ သြဂုတ် ၁၆ ရက်တွင် ၉၄ ပွိုင့်အထိ ပြန်ရောက်ခဲ့သော်လည်း သြဂုတ် ၂၅ ရက်တွင် ၉၃ ပွိုင့်အောက်၊ သြဂုတ် ၂၉ ရက်တွင် ၉၂ ပွိုင့်အောက်အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် ၉၃ ပွိုင့်အထက် ရောက်ခဲ့ကာ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ၉၃ ပွိုင့်အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းမှာ ၁၃၅၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၅၃ ကျပ်ဖြစ်ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟချက် နည်းပါးကာ တည်ငြိမ်လျက်ရှိသည်။ သြဂုတ်လကုန်ပိုင်းရက်များဖြစ်သော သြဂုတ် ၂၅ ရက်တွင် ၁၃၅၆ ကျပ်၊ သြဂုတ် ၂၇ ရက်တွင် ၁၃၅၄ ကျပ်၊ သြဂုတ် ၂၉ ရက်တွင် ၁၃၅၃ ကျပ်သို့ဆက်တိုက် ကျဆင်းခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် သြဂုတ် ၃၀ ရက်တွင် ၁၃၅၅ ကျပ်အထိ ပြန်တက်ခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ၁၃၅၄ ကျပ်၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၅၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ၁၃၅၂ ကျပ်၊ စက်တင်ဘာ ၇ ရက်တွင် ၁၃၅၄ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။