ဒေါ်လာဈေးမြင့်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း သုံးရက်ဆက်တိုက် စံချိန်ချိုးခဲ့ပြီး ကျပ် ၉၉၃၂၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်

ဒေါ်လာဈေးမြင့်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း သုံးရက်ဆက်တိုက် စံချိန်ချိုးခဲ့ပြီး ကျပ် ၉၉၃၂၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်
Published 13 September 2018

ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ခုမှ ရောင်းချနေသော ရွှေထည်ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၁၂ ရက်တွင် ၁၁၉၄ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးမြင့်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း သုံးရက်ဆက်တိုက် စံချိန်ချိုးခဲ့ပြီး ကျပ် ၉၉၃၂၀၀ အထိ စံချိန်တင် ဆက်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် စံချိန်တင်ထားကာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၅၈၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၆၁၃၀၀၊ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၆၃၅၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၆၄၅၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ဖြင့် ခြောက်ရက်ဆက်တိုက် စံချိန်ချိုးခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ကျပ် ၉၈၉၂၀၀၊ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၉၁၇၀၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၉၉၃၂၀၀ ဖြင့် သုံးရက်ဆက်တိုက် အမြင့်ဆုံး စံချိန်တင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ပြည်တွင်းရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ကျပ်၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၉၉၃၂၀၀ ဖြင့် ဈေးကွက်သမိုင်းတစ်လျှောက် အမြင့်ဆုံး ဈေးအဖြစ် စံချိန်သစ် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent