ရခိုင်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် ဗြိတိန် တိုက်တွန်းတောင်းဆို

ရခိုင်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် ဗြိတိန် တိုက်တွန်းတောင်းဆို
Published 30 August 2017


ပြီးခဲ့သည့် ဧပြီလက UN ရုံးချုပ်တွင် ပြုလုပ်သော အစည်းအဝေးတစ်ခု၌ ကုလသမဂ္ဂဆိုင်ရာဗြိတိန်သံအမတ်ကြီး မက်သယူးရိုင်းခရော့ အားတွေ့ရစဉ် (Photo: Reuters)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်တလောအခြေအနေ၊ အကျပ်အတည်းများနှင့် ပတ်သတ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူရန် ဗြိတိန်က စတင်တောင်းဆိုလိုက်ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်တွင် ရခိုင်အရေးနှင့် ပတ်သတ်ပြီး အရေးတကြီးအဖြေရှာရန်ဟုဆိုကာ ကုလသမဂ္ဂဆိုင်ရာဗြိတိန်သံအမတ်ကြီး မက်သယူးရိုင်းခရော့ က တိုက်တွန်းတောင်းဆိုလိုက်ကြောင်း ဗြိတိန်သတင်းဌာန BBC တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေအတွက် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူရန် ဗြိတိန်က တောင်းဆို၍ ရခိုင်ပြည်နယ်တွင် ရေရှည်ပြဿနာများအား ဖြေရှင်းရန် လိုအပ်နေပြီး သက်ဆိုင်သူအားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းသည်ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သယူးရိုင်းခရော့ က Twitter တွင် ရေးသားခဲ့သည်။

ယင်းတောင်းဆိုမှုနှင့်အတူ လုံခြုံရေးကောင်စီ အစည်းအဝေးကို သြဂုတ် ၃၀ တွင် ကျင်းပဖွယ် ရှိနေကြောင်းလည်း သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လူသားချင်းစာနာထောက်ထားမှုရေးရာ အေဂျင်စီများကို မြန်မာက ဝင်ရောက်ခွင့်ပြုရန်လည်း သြဂုတ် ၂၈ ရက်က တိုက်တွန်းထားခဲ့သေးသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လုံခြုံရေးစစ်ဆင်မှုများအတွက် အရပ်သားများ သေဆုံးမှုသတင်းများအပေါ် အတွင်းရေးမှူးချုပ်က အလွန်စိုးရိမ်နေကြောင်းကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် မေလအတွင်းကလည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ် တံခါးပိတ် အသေးစိတ်ရှင်းလင်းတင်ပြမှုကို ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

ဗြိတိန်၏ တောင်းဆိုချက်ဖြင့် ၂၀၁၄ ခုနှစ် ဧပြီတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဧပြီတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် သြဂုတ်တွင် တစ်ကြိမ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီယာက လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံရေးရာများကို တက်ရောက် ရှင်းလင်းခဲ့ဖူးသည်။

အလားတူ ဗြိတိန်၏ တောင်းဆိုချက်ဖြင့်ပင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ၌ အထူးအကြံပေး ဗီဂျေးနမ်ဘီယာသည် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံနှင့် ပတ်သက်၍ တက်ရောက် ရှင်းလင်းခဲ့ပြန်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် အမေရိကန်၏ တောင်းဆိုချက်ဖြင့် အထူးအကြံပေး ဗီဂျေးနမ်ဘီယာကပင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအား တက်ရောက် ရှင်းလင်းတင်ပြခဲ့သည်။

၂၀၀၇ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အင်အားသုံး နှိမ်နင်းမှုအတွက် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရှိ အခြေအနေကို ဆွေးနွေးရန် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် ယခုတစ်ဖန် ဗြိတိန်၏ တောင်းဆိုချက်ဖြင့် အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ယခုအစိုးရ လက်ထက်တွင်လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စများနှင့် စပ်လျဉ်း၍ ဗြိတိန်နိုင်ငံကပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုလာခြင်း ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ ဗြိတိန်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလေ့ရှိပြီး ထိုသို့ဖော်ပြရာတွင်လည်း ဒေသခံ တိုင်းရင်းသားများ၏ အခြေအနေများနှင့် စပ်လျဉ်း၍ အနည်းငယ်သာ ပါရှိသဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံအစိုးရနှင့် ဒေသခံတိုင်းရင်းသားများက ဘင်္ဂါလီများအား ဖိနှိပ်သည်ဟု ထင်မြင်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

ဗြိတိန်မီဒီယာဖြစ်သည့် BBC သတင်းဌာနအနေဖြင့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၆ ရက်က ဖော်ပြခဲ့သည့် သတင်းထောက် Anna Jones ရေးသားသော Bleak outlook for Burma’s ethnic groups ဆောင်းပါး၌ မြန်မာနိုင်ငံမြေပုံအား ဖော်ပြရာတွင် ရခိုင်ပြည်နယ်ရှိ လူမျိုးများအား ဖော်ပြရာ၌ ဘာသာရေး ဝတ်ပြုနေသော ကလေးပုံ

တစ်ပုံဖြင့် Rohingya (ရိုဟင်ဂျာ) ဟု ဖော်ပြခဲ့သဖြင့် ထိုစဉ်အချိန်က BBC သတင်းဌာနအနေဖြင့် ဝေဖန်မှုများ ခံခဲ့ရပြီး နောက်ပိုင်းတွင် အဆိုပါမြေပုံအား ပြန်လည်ပြုပြင်ထားပြီး ပုံအသစ်တွင် လူမျိုးနေရာ၌ Rohingya (ရိုဟင်ဂျာ) နှင့် Rakhine (ရခိုင်)ဟု နှစ်မျိုးရေးသားကာ ယခုလက်ရှိအချိန်ထိ ဖော်ပြထားသည်ကို တွေ့ရသည်။

ရခိုင်ဒေသအား ၁၈၂၅ ခုနှစ်တွင် ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်တွင် ဗြိတိသျှတို့သိမ်းပိုက်ထားသော အိန္ဒိယဘင်္ဂလားနယ်နှင့် ရခိုင်ဒေသမှာတစ်ပေါင်းတည်းဖြစ်သွားကာ ထိုစဉ်အချိန်က စစ်တွေခရိုင်(လက်ရှိမောင်တောဒေသအပါဝင်)တွင် ဘင်္ဂါလီ ၅၀၀၀ ခန့်ရှိရာမှ နယ်ချဲ့ဗြိတိသျှလက်ထက်တွင် ရခိုင်ဒေသ၌ စစ်ဘေးစစ်ဒဏ်များေ

ကြာင့် တိုင်းရင်းသားလူဦးရေလျော့နည်း သွားပြီး ရခိုင်ဒေသရှိ ဧကပေါင်းမြောက်မြားစွာသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လုပ်ကိုင်နိုင်ရန် လူဦးရေးထူထပ်သည့် စစ်တကောင်းဒေသမှ ဘင်္ဂါလီများကို လယ်ကူလီအဖြစ်ခေါ်ယူငှားရမ်းအသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်လည်း နှစ်စဉ်လိုလို လယ်မြေသစ်များဖော်ထုတ်ခြင်းနှင့် ကုန်တ

င်ကုန်ချလုပ်ငန်းအတွက် အလုပ်သမားအဖြစ် ဗြိတိသျှကုမ္ပဏီပိုင်သင်္ဘောများဖြင့် ဘင်္ဂါလီများကို အမြောက်အမြားတင်သွင်းခဲ့ကြောင့် ၁၈၇၂ ခုနှစ်တွင် စစ်တွေ ခရိုင်ဘင်္ဂါလီဦးရေသည် ၅၈၀၀၀ ကျော်ထိတိုးလာခြင်းဖြစ်သည်

ထို့နောက် ဘင်္ဂါလီဦးရေသည် ၁၉၈၃ ခုနှစ်တွင် ၅၃၀၀၀၀ ကျော်ထိရှိလာခဲ့ပြီး အဆိုပါလူဦရေးသည် ပုံမှန်လူဦးရေးတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့်တွက်ချက်ပါက ၁၈၇၂ ခုနှစ်မှ နှစ် ၁၀၀ ကျော်အတွင်း လူဦးရေးတစ်သိန်းရှစ်သောင်းကျော်သာရှိရမည်ဖြစ်သော်လည်း သုံးသိန်းသုံးသောင်းကျော်ပိုမိုနေသဖြင့် ၎င်းတို့သည် ခိုးဝင်လာသူများဖြစ်ကြောင်း ရခိုင်သမိုင်းဆရာများသုံးသပ်ရေးသားကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဘင်္ဂါလီဦးရေ ၁၀ သိန်းခန့်(တစ်သန်းနီးပါး)ရှိပြီး မောင်တောမြို့နယ်တွင် လူဦးရေ ၅၂၀၀၀၀ ကျော်အနက် တိုင်းရင်းသား ၄၉၀၀၀ ဦးနှင့်အခြား ၄၇၀၀၀၀ ဦးကျော်ရှိပြီး၊ ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ ၃၄၀၀၀၀ ကျော်အနက် တိုင်းရင်းသား ၅၅၀၀၀ ကျော်နှင့် အခြား ၂၈၅၀၀၀ ကျော်ရှိကြောင်းသိရသည်။