ဘဏ္ဍာနှစ် ကြားကာလငါးလအတွင်း သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁၇၀ ကျော် ခွင့်ပြုထားသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈ သန်းကျော် လျော့ကျ

ဘဏ္ဍာနှစ် ကြားကာလငါးလအတွင်း သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁၇၀ ကျော် ခွင့်ပြုထားသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈ သန်းကျော် လျော့ကျ
Published 2 September 2018

ဘဏ္ဍာနှစ်ကြားကာလ ငါးလအတွင်း  သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၇၀ ကျော်အထိ ခွင့်ပြုပေးထားသော်လည်း ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ် လာ ၁၈ သန်းကျော်အထိ လျော့ကျခဲ့ကြောင်း သြဂုတ် ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန် ဥပဒေအရ  ဒီကြားကာလ ဧပြီလမှ သြဂုတ်လအထိ ငါးလအတွင်းမှာ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၁၀၀ သန်းဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ် နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းသန်းအောင်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ ငါးလအတွင်း သီ လဝါအထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြု ပေးထားခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာ ဏမှာ အမေရိကန်ဒေါ် လာသန်း ၁၈၉ ဒသမ ၆ သန်းအထိခွင့်ပြုပေးထားသည်။

ထို့ကြောင့်  ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်ကြားကာလ ငါးလအတွင်း သီ လဝါအထူးစီးပွားရေးဇုန်ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ် လာ ၁၈ ဒသမ ၅ သန်းအထိ လျော့ကျနေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်နေသည့် သီလဝါအထူး စီးပွားရေးဇုန်အကောင်အထည်ဖော်ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီ ၁၅၀ ခန့်က ဒေါ် လာ ၁ ဒသမ ၇ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။

လက်ရှိအချိန်၌ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း၁၇ နိုင်ငံမှ လာ ရောက်ရင်းနှီးမြှုပ်နှံပြီး စက်ရုံ ၈၉ ရုံခွင့်ပြုမိန့်ကျထားကာ စက်ရုံ ၃၉ ရုံလုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၏ ဇုန်(B) အတွင်း အခြေခံအ ဆောက်အအုံများ တည်ဆောက်မှုမပြီးသေးသည့်အတွက် ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခြင်း (Investment Permit) ကိုသာ ဆောင်ရွက်ပေးထားကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“ဇုန် A က ၉၀ ရာခိုင်နှုန်းပြီးထားတယ်။ ဇုန် B ကတော့ လောလောဆယ် အခြေခံအဆောက်အအုံက မပြီးသေးတော့ Investment Permit တော့ ပေးထားတယ်”  ဟု သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မ တီ၊ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောကြားထားသည်။

သီလဝါအထူးစီးပွားရေးဇုန် ဇုန် B ၏ ပထမအဆင့် ၁၀၁ ဟက်တာစီမံကိန်း တည်ဆောက်မှု စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် ဇုန် B ၏ ပထမအဆင့် ၁၀၁ ဟက်တာ(ဧက ၂၅၀)ကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်မှုပြီးစီးရန် မျှော်မှန်းထားပြီး အချို့သော မြေနေရာများကိုမူ ၂၀၁၇ ခုနှစ် နှောင်းပိုင်း လောက်ကတည်းက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငှားရမ်းထားနိုင်ခဲ့ခြင်းဖြစ်သည်။