၂၀၁၈ ခုနှစ် ဧပြီမှ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၂၉ သန်းကျော်ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင်ရောက်

၂၀၁၈ ခုနှစ် ဧပြီမှ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၂၉ သန်းကျော်ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင်ရောက်
Published 19 August 2018

၂၀၁၈ ခုနှစ် ဧပြီမှ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၂၉ သန်း ကျော်ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုအနက် ကဏ္ဍခုနစ်ခုသို့ လေးလအတွင်း လုပ်ငန်း ၅၃ ခုဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၃၉ ခု၊ အိမ်ခြံမြေဖွံ့ဖြိုး ရေးကဏ္ဍတွင် လုပ်ငန်း နှစ်ခု၊ စိုက်ပျိုးရေးက ဏ္ဍတွင် လုပ်ငန်းနှစ်ခု၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းတွင် လုပ်ငန်းတစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် လုပ်ငန်း တစ်ခု၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ အခြားဝန်ဆောင်မှုလုပ်ငန်း များတွင် လုပ်ငန်းခုနစ်ခုရင်းနှီးမြှုပ်နှံထား ခြင်းဖြစ်သည်။

လေးလအတွင်း ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၃၈၃ ဒသမ ၀၆၇ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၄၀ ဒသမ ၀၄၈ သန်း၊ အခြားဝန်ဆောင် မှုလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၁၀ ဒသမ ၃၅၆ သန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ဒေါ်လာ ၃၄ ဒသမ  ၄၈၁ သန်း၊ အိမ်ခြံမြေဖွံဖြိုးရေး ကဏ္ဍတွင် ဒေါ်လာ ၂၅ ဒသမ ၃၈၀ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁၀ ဒသမ ၅၁၄ သန်း၊ ဟိုတယ် နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၉ ဒသမ ၂၆၅ သန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ဒေါ်လာ ခြောက်သန်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

လေးလအတွင်း နိုင်ငံအလိုက်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်မှာ တရုတ်က လုပ်ငန်း ၂၁ ခု၊ စင်ကာပူက လုပ်ငန်း ခုနစ်ခု၊ တောင်ကိုရီးယားက လုပ်ငန်း ခုနစ်ခု၊ ဟောင်ကောင်က လုပ်ငန်း လေးခု၊ အိန္ဒိယက လုပ်ငန်း လေးခု၊ ဂျပန်က လုပ်ငန်းသုံးခု၊ ဗီယက်နမ်က လုပ်ငန်း နှစ်ခု၊ ထိုင်းက လုပ်ငန်း တစ်ခု၊ အမေရိကန်က လုပ်ငန်းတစ်ခု၊ ထိုင်ဝမ်က လုပ်ငန်း တစ်ခု၊ ဆေးရှဲက လုပ်ငန်းတစ်ခု၊ ကမ္ဘောဒီးယားက လုပ်ငန်းတစ်ခုဖြစ်သည်။

နိုင်ငံအလိုက်ဝင်ရောက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ စင်ကာပူက ဒေါ်လာ ၃၁၅ ဒသမ ၀၅၄ သန်း၊ တရုတ်က  ဒေါ်လာ ၁၁၂ ဒသမ ၂၉၉ သန်း၊ ဂျပန်က ၈၅ ဒသမ ၃၅၇ သန်း၊ အမေရိကန်က ဒေါ်လာ ၅၅ ဒသမ ၉၀၀ သန်း၊ ဟောင်ကောင်က ဒေါ်လာ ၅၅ ဒသမ ၁၉၇ သန်း၊ တောင်ကိုရီးယားက ၄၄ ဒသမ ၂၀၂ သန်း၊  ထိုင်းက ၄၃ ဒသမ ၅၁၄ သန်း၊ ဆာမိုအာက ဒေါ်လာ ၄၂ ဒသမ ၀၄၀ သန်း၊ ကမ္ဘောဒီးယားက ၂၂ ဒသမ ၅၀၀ သန်း၊ အိန္ဒိယက ဒေါ်လာ ၁၉ ဒသမ ၉၂၅ သန်း၊ ဗြိတိန်က ၁၀ ဒသမ ၆၀၀ သန်း၊ ထိုင်ဝမ်က ဒေါ်လာ ၇ ဒသမ ၆၅၈ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၆ ဒသမ ၂၄၅ သန်း၊ ဆေးရှဲက ဒေါ်လာ ၄ ဒသမ ၀၅၀ သန်း၊ ဘရူနိုင်းက ဒေါ်လာ ၃ ဒသမ ၃၅၅ သန်း၊ သြစတြီးယားက ဒေါ်လာ ၁ ဒသမ ၈၆၅ သန်းဖြစ်ပြီး လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၂၉ ဒသမ ၇၆၁ သန်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ မြန် မာနိုင်ငံအတွင်း ခွင့်ပြုထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၂၃ ခုရှိပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆၈၅၀ ဒသမ ၄၀၀ သန်းရှိသည်။