ပါရာဂွေးနောက်ခံလူ ဘယ်လ်ဘူနာကို ဝက်စ်ဟမ်းအသင်း ခေါ်ယူ

ပါရာဂွေးနောက်ခံလူ ဘယ်လ်ဘူနာကို ဝက်စ်ဟမ်းအသင်း ခေါ်ယူ
Published 15 July 2018

Photo: Twitter -@WestHamUtd

ဝက်စ်ဟမ်းအသင်းသည် ဘရာဇီးကလပ် ကိုရင်သီယန်အသင်းမှ ပါရာဂွေးနောက်ခံလူ ဘယ်လ်ဘူနာကို ခေါ်ခဲ့ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းသည် အသက် (၂၆)နှစ်အရွယ်ရှိ ဘယ်လ်ဘူနာကို (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ပေါင်(၆.၅)သန်း ဖြစ်ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ဘယ်လ်ဘူနာက "စိန်ခေါ်မှုအသစ်အတွက် ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ပရီးမီးယားလိဂ်မှာ အသားကျအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက်လည်း
စိတ်အားတက်ကြွမိပါတယ်။ အကောင်းဆုံးကြိုးစားပြီး အသင်းကို ကူညီသွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဗဟိုနောက်ခံလူတစ်ဦးဖြစ်သည့် ဘယ်လ်ဘူနာသည် ဘရာဇီးကလပ် ကိုရင်သီယန်အသင်းတွင် (၂)နှစ်ကျော် ကစားခဲ့ပြီး ဆုဖလားများ ရယူနိုင်ခဲ့သလို၊ ပါရာဂွေးလက်ရွေးစင်အသင်းအတွက်လည်း (၇)ပွဲ ကစားပေးထားသူ ဖြစ်သည်။

ဘယ်လ်ဘူနာသည် နည်းပြသစ် ပယ်လီဂရီနီလက်ထက်တွင် ဝက်စ်ဟမ်းအသင်း ခေါ်ယူခဲ့သည့် (၇)ဦးမြောက် ကစားသမား ဖြစ်သည်။