ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ အိမ်ခြေ ၄၀ ခန့်ရှိသော ဘဂါၤလီကျေးရွာတွင် မိမိတို့၏ နေအိမ်များကို မီးရှို့ကာ ထွက်ပြေး

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ အိမ်ခြေ ၄၀ ခန့်ရှိသော ဘဂါၤလီကျေးရွာတွင် မိမိတို့၏ နေအိမ်များကို မီးရှို့ကာ ထွက်ပြေး
Published 25 August 2017

ဓာတ်ပုံ- မောင်စိုးဝင်း

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ  အိမ်ခြေ ၄၀ ခန့်ရှိသော ဘင်္ဂါလီကျေးရွာမှ ရွာသားများသည် သြဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မိမိတို့၏ နေအိမ်များကိုမီးရှို့ကာ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

"ရခိုင်ရွာနဲ့ ထိစပ်နေတဲ့အတွက် သူတို့က အိမ်တွေကို မီးရှို့ပြီး ထွက်ပြေးသွားကြတယ်။ အရင်ကလည်း သူတို့ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးမှုတွေ ရှိခဲ့တယ်။ အခုလည်း လုပ်ပြန်ပြီ။ ဒေသခံရခိုင်တွေကတော့ ဘာမှမလုပ်ဘူး။ မီးကူးမှာစိုးလို့ ဘင်္ဂါလီတွေ ထွက်သွားတာနဲ့ မီးကို ငြှိမ်းသတ်လိုက်ကြတယ်။ အိမ်တချို့တော့ မီးလောင်သွားတယ်" ဟု စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းမီးလောင်မှုအား ကျေးရွာသားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ငြိမ်းသတ်ခဲ့ရကြောင်းလည်း သိရှိရသည်။