ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့တွင် စုပေါင်း စက်ဘီးစီး လှှုပ်ရှားမှု ပြုလုပ်

ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့တွင် စုပေါင်း စက်ဘီးစီး လှှုပ်ရှားမှု ပြုလုပ်
Published 3 June 2018

ကမ္ဘာ့စက်ဘီးစီးနေ့ ( World Bicycle Day) အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့တွင် စုပေါင်း စက်ဘီးစီးပွဲအား ဇွန်လ ၃ ရက် ၊ ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်တွင်ကျရောက်သော ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ခံ စက်ဘီးစီးဝါသနာရှင် ၁၀၀ ကျော်သည် နံနက် ၆ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ ၌ စုရပ်ပြုလုပ်ကာ ဆင်တူဝတ်စုံများ ဝတ်ဆင်ပြီး စက်ဘီး စတင်စီးနင်းထွက်ခွာခဲ့ကြောင်း သိရသည်။

အသင်္ခယာစောယွမ်း အဝိုင်း၊ စစ်ကိုင်းနှစ်(၇၀၀)ပြည့်ကွင်း၊ ကားကြီးကွင်း၊ စစ်ကိုင်းကမ်းနားလမ်းမှ တစ်ဆင့် တာရိုးလမ်းလမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းပန်းခြံထိ  စုပေါင်း စက်ဘီးစီး လှှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

" World Bicycle Day နေ့ အထိမ်းအမှတ်အဖြစ် လူထု စက်ဘီးစီးနင်းပွဲ ကျင်းပတာပါ။ စက်ဘီးကို လူတွေသွားလာရေး ယာဉ်အဖြစ် ပြန်လည်အသုံးချရေး၊ လူထုကျန်းမာရေး လှှုပ်ရှားမှှု တစ်ခုအနေနဲ့ရော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက်ပါ အထောက်အကူဖြစ်စေတဲ့အတွက် ခုလို စုပေါင်းစက်ဘီးစီးနင်းပွဲလေးတွေကို ပြုလုပ်ရတာပါ''ပါ ဦးဆောင်လှှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောကြားသည်။

စစ်ကိုင်းမြို့ခံ စက်ဘီးစီးဝါသနာရှင်များသည် လစဉ်နောက်ဆုံးပတ်၏ တနင်္ဂနွေနေ့တိုင်းတွင်လည်း စုပေါင်း စက်ဘီးစီးနင်း လှှုပ်ရှားမှှုများ ပြုလုပ်ခဲ့ကြောင်းသိရပြီး စစ်ဘီးစီးပြိုင်ပွဲများအဖြစ် ကလေး၊ လူကြီး အတန်းစုံ ပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။