လက်ရှိ ရန်ကုန်ဆိပ်ကမ်းသည် ရေစူးနိမ့်သည့်အတွက် သင်္ဘောကြီးများ ဝင်ထွက်သွားလာရန် မလွယ်ကူခြင်းကြောင့် နိုင်ငံတကာအဆင့်မီ ရန်ကုန်ဆိပ်ကမ်းသစ်ကို ရေစူးနက်၍ သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သော ဆိပ်ကမ်းသစ်အဖြစ် တည်ဆောက်မည်

လက်ရှိ ရန်ကုန်ဆိပ်ကမ်းသည် ရေစူးနိမ့်သည့်အတွက် သင်္ဘောကြီးများ ဝင်ထွက်သွားလာရန် မလွယ်ကူခြင်းကြောင့် နိုင်ငံတကာအဆင့်မီ ရန်ကုန်ဆိပ်ကမ်းသစ်ကို ရေစူးနက်၍ သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သော ဆိပ်ကမ်းသစ်အဖြစ် တည်ဆောက်မည်
Published 18 May 2018

ရန်ကုန်ဆိပ်ကမ်း ဧရိယာတွင် တစ်ခုအပါအဝင်ဖြစ်သည့် သီလဝါဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

လက်ရှိ ရန်ကုန်ဆိပ်ကမ်းသည် ရေစူးနိမ့်သည့်အတွက် သင်္ဘောကြီးများ ဝင်ထွက်သွားလာရန် မလွယ်ကူခြင်းကြောင့် နိုင်ငံတကာအဆင့်မီ ရန်ကုန်ဆိပ်ကမ်းသစ်ကို ရေစူးနက်၍ သင်္ဘောကြီးများ ဝင်ထွက်သွားလာသော ဆိပ်ကမ်းသစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံတွင် ဆိပ်ကမ်းကိုးခုရှိသော်လည်း အခြေခံအဆောက်အအုံ လိုအပ်ချက်အရ တစ်နိုင်ငံလုံး သွင်းကုန်ထုတ်ကုန်၏ ၉၀ ရာခိုင်နှုန်းသည် ရန်ကုန်ဆိပ်ကမ်းကိုသာ မှီခိုအားထားနေရခြင်း၊ လက်ရှိ ရန်ကုန်ဆိပ်ကမ်းသည် ရေစူးနိမ့်သည့်အတွက် သင်္ဘောကြီးများ ဝင်ထွက်သွားလာရန် မလွယ်ကူခြင်း၊ မြို့ပြဧရိယာနှင့် ထိစပ်နေခြင်းကြောင့် ဆိပ်ကမ်းဧရိယာကို ထပ်မံတိုးချဲ့ရန် မလွယ်ကူခြင်း စသည်တို့ ကြုံတွေ့နေရသဖြင့် နိုင်ငံတကာအဆင့်မီ ရန်ကုန်ဆိပ်ကမ်းသစ်ကို ရေစူးနက်၍ သင်္ဘောကြီးများ ဝင်ထွက်သွားလာသော (Elephant Point) အား အခြေပြုပြီး ဆိပ်ကမ်းသစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကြောင်းကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွက်နေရသည့်အတွက် အခြားကမ်းရိုးတန်း ဆိပ်ကမ်းများကိုလည်း အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ မြေနေရာအနေအထားအရ ကမ်းရိုးတမ်းအရှည် မိုင်ပေါင်း ၁၃၈၅ မိုင်ရှိပြီး ယင်းဧရိယာအတွင်း ဆိပ်ကမ်းစုစုပေါင်း ကိုးခုရှိသည်။ အဆိုပါဆိပ်ကမ်းများအနက် ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်သာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်တွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း နေရာနှစ်ခုခွဲထားပြီး ယင်းနေရာ နှစ်ခုပေါင်းဧရိယာကို ရန်ကုန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ယင်းနေရာနှစ်ခုပေါင်း ရန်ကုန်ဆိပ်ကမ်း၌ စုစုပေါင်း သင်္ဘောအစင်း အရေအတွက် ၃၆ စင်းတစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်ပြီး ရေကြောင်းကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုကို ၁၉၉၆ ခုနှစ်မှစတင်ကာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၉၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်မှ တိုက်ရိုက်ဆောင်ရွက်နေမှုသည် ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း သိရသည်။

ရေကြောင်းကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွက်နေရသည့်အတွက် အခြားကမ်းရိုးတန်း ဆိပ်ကမ်းများကိုလည်း အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ကမ်းရိုးတမ်းအရှည်မှာ မိုင်ပေါင်း ၁၃၈၅ မိုင်ရှိပြီး ယင်းဧရိယာအတွင်း ဆိပ်ကမ်းစုစုပေါင်း ကိုးခုရှိသည်။ အဆိုပါဆိပ်ကမ်းများအနက် ရန်ကုန်ဆိပ်ကမ်း တစ်ခုတည်းသာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်ကြောင်း သိရသည်။