တူရကီနှင့် နိုင်ငံရေးတင်းမာနေချိန်၌ တူရကီသမ္မတ အာဒိုဂန်ကိုကြိုဆိုခဲ့သည့် အိုဇေးလ်နှင့် ဂွန်ဒိုဂန်တို့ကိုဂျာမနီအတွက်မရွေးချယ်ရန် နိုင်ငံရေးသမားများဖိအားပေး

တူရကီနှင့် နိုင်ငံရေးတင်းမာနေချိန်၌ တူရကီသမ္မတ အာဒိုဂန်ကိုကြိုဆိုခဲ့သည့် အိုဇေးလ်နှင့် ဂွန်ဒိုဂန်တို့ကိုဂျာမနီအတွက်မရွေးချယ်ရန် နိုင်ငံရေးသမားများဖိအားပေး
Published 17 May 2018

 

တူရကီနှင့် နိုင်ငံရေးတင်းမာမှုများရှိနေချိန်တွင် တူ ရကီသမ္မတ အာဒိုဂန်၏ အင်္ဂလန်ခရီးစဉ်တွင် သွားရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည့် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်နှင့် မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်တို့အား ဂျာ မနီလက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းမပြုရန် ဂျာမနီ နိုင်ငံရေးသမားများက ဖိအားပေးလျက်ရှိကြောင်း သိရှိ ရသည်။ အိုဇေးလ်နှင့် ဂွန်ဒိုဂန်သည် ဂျာမနီအသင်းနည်း ပြ ဂျိုအာချင်လိုးထုတ်ပြန်လိုက်သည့် ဆန်ကာတင် (၂၇) ဦး စာရင်းတွင် ပါဝင်လျက်ရှိပြီး ယခုအခါ အပြီးသတ်လူ ရွေးချယ်ရာတွင် ထည့်သွင်းရွေးချယ်ခြင်းမပြုရန် ဖိအား ပေးနေကြခြင်းဖြစ်သည်။

 

ဂျာမန်နိုင်ငံရေးသမားများသည် ယင်းကိစ္စအတွက် ဂျာမန် FA ကို အရေးယူမှုတစ်စုံတစ်ရာပြုလုပ်ပေးရန် ဖိ အားပေးထားပြီး အနည်းဆုံး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းတွင် ရွေးချယ်ခြင်းမပြုရန် ဆန္ဒရှိနေကြ သည်။ ယင်းအတွက်ကြောင့် ဂျာမန် FA  အနေဖြင့် အ ခက်အခဲကြုံတွေ့နေပြီး အိုဇေးလ်နှင့် ဂွန်ဒိုဂန်တို့အား ရွေး ချယ်ခဲ့ပါက နိုင်ငံရေးသမားများနှင့် မပြေမလည်ဖြစ်ဖွယ် ရှိနေသည်။  အိုဇေးလ်နှင့် ဂွန်ဒိုဂန်တို့သည် တူရကီနွယ်ဖွားက စားသမားများဖြစ်ကြပြီး ဂျာမနီလက်ရွေးစင်အသင်းတွင် ကစားရန် ရွေးချယ်ခဲ့ကြသူများဖြစ်သော်လည်း ယခုကဲ့ သို့ နိုင်ငံရေးအရတင်းမာနေချိန်တွင် တူရကီသမ္မတကို သွားရောက်ကြိုဆိုခဲ့ခြင်းမှာ မသင့်လျော်သောအပြုအမူ အဖြစ် ဂျာမနီဘက်မှ ယူဆခဲ့ကြသည်။

 

တူရကီနိုင်ငံသည် ဂျာမနီအပါအဝင် EU နိုင်ငံများ နှင့် တင်းမာမှုများရှိနေပြီး အထူးသဖြင့် ဂျာမနီနှင့် နိုင်ငံ ရေးအရ တင်းမာမှုများရှိနေသည်။ EU သည် တူရကီ ပြည် လုံးကျွတ်ဆန္ဒခံယူပွဲတွင်မရိုးသားမှုများရှိခဲ့သည်ဟု ယုံ ကြည်ခဲ့ပြီး သမ္မတအာဒိုဂန်ကိုလည်း အသိအမှတ်ပြုလို ခြင်းမရှိချေ။ ထို့အတူ ဂျာမနီ အစိုးရနှင့် နိုင်ငံရေးသမား များသည် တူရကီအတိုက်အခံပါတီကို ထောက်ခံမှု၊ ကူညီ မှုများပြုလုပ်နေခြင်းကြောင့် တူရကီအစိုးရအဖွဲ့ကလည်း ဂျာမနီနိုင်ငံအပေါ် မကျေမနပ်ဖြစ်နေသည်။ ယင်းကဲ့သို့အခြေအနေမျိုးတွင် အိုဇေးလ်နှင့် ဂွန်ဒို ဂန်တို့သည် အာဒိုဂန်၏ အင်္ဂလန်ခရီးစဉ်တွင် သွားရောက်  ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ၎င်းင်းတို့နှင့်အတူ သမ္မတအာဒိုဂန်၊ အဲဗာတန်အသင်း၏ တူရကီလက်ရွေးစင်တိုက်စစ်မှူး တိုဆွန်တို့ အတူတွဲရိုက်ထားသည့် ဓာတ်ပုံကို တူရကီအစိုးရ အဖွဲ့က twitter တွင် တင်ခဲ့သည်။

 

ယင်းကစားသမား (၃)ဦးစလုံးသည် ၎င်းင်းတို့ ကစား နေသည့် ကလပ်အသင်းများ၏ အကျီများကို အာဒိုဂန်ကို လက်ဆောင်ပေးခဲ့ကြပြီး ဂွန်ဒိုဂန်က "ကျွန်တော်တို့ရဲ့ သမ္မတကြီးအတွက် လေးစားမှုများစွာဖြင့်"ဟု ရေးထား သည့် အကျီပေါ်တွင် လက်မှတ်ထိုးကာပေးခဲ့သည်။ ဂျာမနီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌြ့ဖစ်သူ ရိန်းဟတ်ဂရင်ဒယ်လ်က မိမိတို့အဖွဲ့ချုပ်အနေဖြင့် အိုဇေးလ်နှင့် ဂွန် ဒိုဂန်တို့ကို လေးစားမှုရှိကြောင်း၊ ၎င်းင်းတို့သည် တူရကီနွယ် ဖွားများဖြစ်ကြကြောင်း၊ သို့ရာတွင် ၎င်းင်းတို့၏ လုပ်ရပ်မှာ အာဏာရှင် အာဒိုဂန်၏ ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် ဝင်ရောက်အသုံးချခံခြင်းအတွက်မူ စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ တူရကီသမ္မတရွေးကောက်ပွဲကို လာ မည့် လအတွင်း ပြုလုပ်တော့မည်ဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ ကျော်ကစားသမားများ၏ အားပေးကူညီမှုမှာ တူရကီနိုင် ငံသားကို အာဏာရှင်သက်ဆိုးရှည်အောင်ကူညီခြင်းဖြစ် ကြောင်း ဂျာမန်နိုင်ငံရေးသမားများကဆိုသည်။ ဂျာမနီ နိုင်ငံတွင် သြဇာကြီးမားသည့် သတင်းစာတစ်စောင်ဖြစ် သည့် Bild ကမူ "သူတို့နှစ်ယောက်သာ စိတ်ပိုင်းဆိုင်ရာ မှန်မှန်ကန်ကန်ရှိရင်ဒီလိုလုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ မေး ခွန်းထုတ်စရာက သူတို့ဟာ ဂျာမနီလက်ရွေးစင်အသင်းအ တွက် သင့်တော်သေးရဲ့လားဆိုတာပဲ။ ကျွန်တော်တို့က တော့ သင့်တော်တယ်လို့ဖြေပါမယ်။ သူတို့ဟာ နိုင်ငံရေး မှာအရူးတွေပါ။ ဒါပေမဲ့ ဘောလုံးမှာတော့ ပါရမီရှင်တွေဖြစ်ပါတယ်"ဟု သုံးသပ်ခဲ့သည်။ တူရကီဘောလုံးအဖွဲ့ချုပ် ကလည်း ယင်းကစားသမားများသည် ရွေးကောက်ပွဲလှုံ့ ဆော်မှုအစီအစဉ်နှင့်မသက်ဆိုင်ကြောင်းဆိုသည်။  "ကျွန်တော်တို့က မျှမျှတတပဲ ပြောပါမယ်။ သူတို့ ဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ မဟုတ်ပါဘူး။ သူတို့က ဂျာမနီလက်ရွေးစင်ကစားသမား တွေပါ။ ဒါပေမဲ့သူတို့ဟာ တူရကီလူမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် တူရကီသမ္မတကို လာရောက်တွေ့ဆုံနှုတ်ဆက် ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ ဘာမှ ရှုပ်ထွေးတဲ့လုပ်ရပ်မ ဟုတ်ပါဘူး"ဟု တူရကီဘောလုံးအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ ဖြစ် သူ ဆာဗတ်ယာဒင်စီက ပြောကြားခဲ့သည်။