H1N1 ရောဂါဖြင့် သြဂုတ် ၁၇ ရက်အထိ သေဆုံးသူ ၂၇ ဦးရှိပြီး အတွင်းလူနာ ၆၅ ဦး ဆေးကုသမှု ခံယူနေရ

H1N1 ရောဂါဖြင့် သြဂုတ် ၁၇ ရက်အထိ သေဆုံးသူ ၂၇ ဦးရှိပြီး အတွင်းလူနာ ၆၅ ဦး ဆေးကုသမှု ခံယူနေရ
Published 18 August 2017

H1N1 ရောဂါဖြင့် သြဂုတ် ၁၇ ရက် အထိ သေဆုံးသူ ၂၇ ဦးရှိပြီး အတွင်းလူနာ ၆၅ ဦး ဆေးကုသမှုခံယူနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၁၆ ရက် မွန်းလွဲ ၂ နာရီမှ သြဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီအထိ Seasonal Influenza A (H1N1) pdm 09 သံသယ လူနာ ၃၈ ဦးအား ဓာတ်ခွဲစမ်းသပ်ရာ ပိုးတွေ့လူနာ ၁၅ ဦးရှိခဲ့ပြီး တစ်ဦးထပ်မံ သေဆုံးသောကြောင့် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၇ ရက်အထိ H1N1 ရောဂါဖြင့် သေဆုံးသူ ၂၇ ဦး ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီအထိ Seasonal Influenza A (H1N1) pdm 09 ရောဂါဖြစ်ပွားမှု အခြေအနေမှာ ကရင်ပြည်နယ်တွင် ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ပြသသူဦးရေ ၁၃ ဦး၊ Seasonal Influenza A (H1N1) pdm 09 ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ကိုးဦး၊ သေဆုံးသူ တစ်ဦး၊ ချင်းပြည်နယ်တွင် ပြသသူ ၆၆ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြသသူ ၂၀ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၄ ဦး၊ ဓာတ်ခွဲအတည်ပြု သေဆုံးသူတစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပြသသူ ၂၁ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ပြသသူ ၈၂ ဦး၊ ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ၃၇ ဦး၊ ဓာတ်ခွဲအတည်ပြုသေဆုံးသူ သုံးဦး၊ မကွေးတိုင်းဒေသကြီးတွင် ပြသသူ ၂၁ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၃ ဦး၊ ဓာတ်ခွဲ အတည်ပြုသေဆုံးသူ နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ပြသသူ ၁၇ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၅ ဦး၊ ဓာတ်ခွဲအတည်ပြု သေဆုံးသူ တစ်ဦး၊ မွန်ပြည်နယ်တွင် ပြသသူ ၁၁ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ခြောက်ဦး၊ ဓာတ်ခွဲအတည်ပြုသေဆုံးသူ တစ်ဦး၊ ရခိုင်ပြည်နယ်တွင် ပြသသူ ရှစ်ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ သုံးဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြသသူ ၃၃၅ ဦး ၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၈၂ ဦး၊ ဓာတ်ခွဲအတည်ပြုသေဆုံးသူ ခုနစ်ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပြသသူ ၁၄ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြသသူ ခြောက်ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ သုံးဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြသသူ ၁၁ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ သုံးဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပြသသူ ၇၉ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၃၇ ဦး၊ ဓာတ်ခွဲအတည်ပြုသေဆုံးသူ ၁၁ ဦး၊ နေပြည်တော်တွင် ပြသသူ ၂၁ ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၇ ဦး၊ စုစုပေါင်း ပြသသူ ၇၂၅ ဦးတွင် ဓာတ်ခွဲ အတည်ပြုဖြစ်ပွားသူ ၂၇၇ ဦးရှိပြီး သေဆုံးသူ ၂၇ ဦးရှိကြောင်း သိရသည်။

H1N1 ရောဂါပိုးတွေ့ရှိသော်လည်း အခြားရောဂါဖြင့် သေဆုံးသူ ၁၉ ဦးရှိပြီး သြဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီအထိ အထူးကုဆေးရုံကြီး ဝေဘာဂီတွင် အတွင်းလူနာ ငါးဦး၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံများတွင် ၆၀ စုစုပေါင်း အတွင်းလူနာ ၆၅ ဦး ရှိကြောင်း သိရသည်။