စက္ကူစက်ရုံ (စစ်တောင်း) မှ ဝန်ထမ်းများကိစ္စကို မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ရွှေသံလွင်ကုမ္ပဏီတို့ ဘော်လီဘောပုတ်နေဟုဆို

စက္ကူစက်ရုံ (စစ်တောင်း) မှ ဝန်ထမ်းများကိစ္စကို မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ရွှေသံလွင်ကုမ္ပဏီတို့ ဘော်လီဘောပုတ်နေဟုဆို
Published 17 March 2018

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စက္ကူစက်ရုံ (စစ်တောင်း) မှ ဝန်ထမ်းများကိစ္စကို ပြည်နယ်အစိုးရနှင့် ရွှေသံလွင်ကုမ္ပဏီတို့ ဘော်လီဘောပုတ်နေဟု စက္ကူစက်ရုံ (စစ်တောင်း)တွင် အလုပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဝင်းက ပြောကြားသည်။

“အခု ဒီစက်ရုံကို ပြည်နယ်အစိုးရက တရားဝင် လက်မခံရသေးဘူး။ ဒါဆိုရင် လက်ရှိတာဝန်ယူ၊ တာဝန်ခံရမှာက ရွှေသံလွင်ကုမ္ပဏီ ဖြစ်နေတယ်။ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ရွှေသံလွင်ကုမ္ပဏီက ရှင်းရမယ်ဆိုပြီး ကျွန်တော်တို့ လက်ခံထားတယ်။ သူတို့ကတော့ ဘော်လီဘောပဲ ပုတ်နေကြတယ်။ ကျွန်တော်တို့ အနေနဲ့ သွားတဲ့ဌာနပေါင်းလည်း စုံနေပြီ။ ပြည်နယ်အစိုးရဆီ တက်တော့လည်း ရွှေသံလွင်ကုမ္ပဏီကို ပုတ်တယ်။ ရွှေသံလွင်ကုမ္ပဏီဘက်ကို သွားတော့လည်း ရွှေသံလွင်က ပြည်နယ်အစိုးရဘက်ကို ပုတ်ပြန်ရော။ အဲဒီလိုဖြစ်နေတယ်” ဟု ဦးဇော်ဝင်းက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ပြီးခဲ့တဲ့လက ရွှေသံလွင်ကုမ္ပဏီက အထွေထွေမန်နေဂျာနဲ့တွေ့တော့ ကျွန်တော်တို့က ပြောတာက ဒီစက်ရုံကို ပြည်နယ်အစိုးရက လက်ခံထားခြင်း မရှိသေးဘူး။ ဒါကြောင့် ဝန်ထမ်းတွေကို လစာပေးဖို့ ဘယ်လိုသဘောရလဲမေးတော့ တစ်ရက်၊ နှစ်ရက်အတွင်း အကြောင်းပြန် မယ်လို့ပြောတယ်။ တကယ်အကြောင်းပြန် တဲ့အခါမှာတော့ နစ်နာကြေးပေးထားတဲ့အ တွက် မပေးနိုင်တော့ဘူးလို့ပြောတယ်။တ ကယ်တော့ စက်ရုံပိုင်ဆိုင်မှုကို အစိုးရနဲ့ ကုမ္ပဏီတို့ ငြင်းခုံနေတာ ကျွန်တော်တို့ဝန် ထမ်းတွေနဲ့မဆိုင်ဘူးလေ။ ကျွန်တော်တို့အ နေနဲ့ လစာပုံမှန်ရရှိဖို့အတွက်ကိုပဲ ပြောနေ တာပါ။ အခုဟာကတာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြဘူး။ ဝန်ထမ်းတွေက ဘော်လီဘော လိုပဲ ဟိုဘက်ကပုတ်လိုက်၊ ဒီဘက်ကပုတ်လိုက်နဲ့။ အဲဒီလို ဖြစ်နေတယ်” ဟုပြောကြား သည်။

အဆိုပါ စက္ကူစက် (စစ်တောင်း) ၌ ဝန် ထမ်း ၄၇၃ ဦးရှိသည့်အနက် ၁၇၄ ဦးအား နစ်နာကြေး ထုတ်ပေးထားကြောင်း၊ နစ်နာ ကြေး မထုတ်ရသေးသည့် ဝန်ထမ်း ၂၉၉ ဦး ကျန်ရှိနေသေးကြောင်းနှင့် ဝန်ထမ်းများအား နစ်နာကြေးထုတ်ပေးမှု သတ်မှတ်ကာလပြီး ဆုံးသွားသည့်အတွက် နစ်နာကြေးထုတ်ပေး မှုရပ်ဆိုင်းထားကြောင်း စက္ကူစက် (စစ်တောင်း) ပဏာမစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဖြစ်သူ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၏ ပြောကြား ချက်များအရ သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိစစ် တောင်းစက္ကူစက်ရုံမြေဧက (၆၉၈) ဧကကို တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ နှုန်းဖြင့် ယခင် အစိုးရလက်ထက်က ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီသို့ စက်ရုံစုများဖော်ထုတ်နိုင်ရန် ၂၀၁၅  ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ နှစ် ၃၀ ငှားရမ်းထားခဲ့ကြောင်း၊ စက်ရုံရှိအဆောက်အအုံများ၊ စက်နှင့် စက်ပစ္စည်းများကို ပုံသေပိုင် ပစ္စည်း လက်ကျန်တန်ဖိုး (Book Value) ဖြင့် ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး  သဘောတူညီချက်အရ စစ်တောင်းစက္ကူစက် ရုံကိုတစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီသို့ ၁၀ နှစ် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ကြောင်း၊ သို့သော် အရှုံးပေါ်သည်ဟုဆိုကာ ကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် ကုန်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး စက်ရုံကို Industrial Complex အသွင်ဖြင့် ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးမှ ညွှန်ကြားခဲ့ကြောင်း စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ၂၀၁၆  ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်း၏ စစ်တောင်းစက္ကူစက်ရုံနှင့် ပတ်သက်ပြီး မေးမြန်းသော မေးခွန်းအား ပြန်လည် ဖြေကြားချက်အရ သိရသည်။