နတ်မြစ်အတွင်း လှေတစ်စင်းပေါ်မှ စိတ်ကြွဆေးပြား ငါးသောင်းနီးပါး ဖမ်းဆီးရမိပြီး လှေပေါ်ပါသူများ ထွက်ပြေး လွတ်မြောက်

နတ်မြစ်အတွင်း လှေတစ်စင်းပေါ်မှ စိတ်ကြွဆေးပြား ငါးသောင်းနီးပါး ဖမ်းဆီးရမိပြီး လှေပေါ်ပါသူများ ထွက်ပြေး လွတ်မြောက်
Published 15 March 2018

နတ်မြစ်အတွင်း မသင်္ကာဖွယ် လှေတစ်စင်းပေါ်မှ စိတ်ကြွဆေးပြား ငါးသောင်းနီးပါး ဖမ်းဆီးရမိပြီး လှေပေါ်ပါသူများ ခုန်ချထွက်ပြေး လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်တစ်ခု မတ် ၁၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် မြောက်ပိုင်း နတ်မြစ်အတွင်း စပါယ်ပင်ရင်းချောင်းဝ၌ မသင်္ကာဖွယ်လှေ တစ်စီးအား တွေ့ရှိရ၍ စစ်ဆေးရန် ခေါ်ယူစဉ် လှေပေါ်ပါသူများမှ ခုန်ချ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လှေပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၇၅၀ ပြား သိမ်းဆည်း ရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

နတ်မြစ်ကို ဖြတ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါးများကို လှေများဖြင့် သယ်ယူနေသည်များကို ဖမ်းဆီးရမိမှုများ ရှိသော်လည်း တရားခံများ ထွက်ပြေးလွတ်မြောက်မှုဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကျပ်ထားသည့် အချိန်တွင်ပင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် နတ်မြစ်ကို တရားမဝင်ဖြတ်ကာ မြစ်ကမ်းနံဘေးရှိ ဘင်္ဂါလီကျေးရွာများသို့ လာရောက် မူးယစ်ဆေးဝါးများ သယ်ယူစဉ် ဖမ်းဆီးရမိခြင်းများလည်း မကြာသေးမီက ဖြစ်ပွားခဲ့သည်။