ရှစ်နှစ်အရွယ် ကျောင်းသူလေးအား ကျူးလွန်ခဲ့သူ မန္တလေးမြို့ ဖောင်တော်ဦးပရဟိတကျောင်းမှ ဆရာတစ်ဦးအား မုဒိမ်းမှုဖြင့် အမှုဖွင့်

ရှစ်နှစ်အရွယ် ကျောင်းသူလေးအား ကျူးလွန်ခဲ့သူ မန္တလေးမြို့ ဖောင်တော်ဦးပရဟိတကျောင်းမှ ဆရာတစ်ဦးအား မုဒိမ်းမှုဖြင့် အမှုဖွင့်
Published 12 March 2018

ရှစ်နှစ်အရွယ်ကျောင်းသူအား ကျူးလွန်ခဲ့သူ မန္တလေးမြို့ ဖောင်တော်ဦးပရဟိတကျောင်းမှ ဆရာတစ်ဦးအား မုဒိမ်းမှုပါဝင်သော ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကမ်းနားကျူးတဲတွင်နေထိုင်သည့် ကို...(၃၀ နှစ်) သည် သမီး မ...နှင့် မ.... (ရှစ်နှစ်) တို့ နှစ်ဦးအား အောင်မြေသာစံမြို့နယ် ဖောင်တော်ဦးပရဟိတကျောင်းသို့ ကျောင်းအိပ် ကျောင်းစားထားခဲ့ရာ သမီးနှစ်ဦး အိမ်ပြန်လာချိန် ကျောင်းသို့ ပြန်မသွားလိုကြောင်း ငြင်းဆိုရာမှ အဆိုပါဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖခင်ဖြစ်သူ ကို ... (၃၀ နှစ်) သည် သမီးနှစ်ဦးကို ၁၅-၈-၂၀၁၆ တွင် အိမ်ပြန်ခေါ်ခဲ့ပြီး ကျောင်းပြန်ပို့ရန်လုပ်စဉ် ကျောင်းသို့ ပြန်မသွားလိုကြောင်း၊ မိဘများနှင့်သာအတူနေလိုကြောင်း ငြင်းဆိုခဲ့သဖြင့် မေးမြန်းရာ ကျောင်းမှ ဆရာတစ်ဦးက မ... (ရှစ်နှစ်) အား ပါးစပ်ကို တိပ်ဖြင့်ပိတ်၊ လက်ကိုကြိုးဖြင့်ချည်ကာ မိန်းမကိုယ်အား တုတ်ဖြင့်ထိုးခြင်း၊ ယောက်ျားတန်ဆာဖြင့် ထိုးခြင်းတို့ကြောင့် ကြောက်ရွံ့ရခြင်းဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ်မှူး ရဲမှူးဇော်နိုင်အား မေးမြန်းရာ “ဖြစ်စဉ်ကကြာပြီ။ အခုအမှုဖွင့်ထားပြီး ကျူးလွန်သူ ဖမ်းဆီးရမိဖို့ ကျွန်တော်တို့ ဆောင်ရွက်နေကြပါတယ်” ဟု ဆိုသည်။

အဆိုပါကျူးလွန်သူမှာ စာရေးဆရာ မောင်သစ်ဦး (ခ) လှမျိုးဦး (ခ) တင်မြင့် (၃၅ နှစ်) ဟု သိရပြီး ၎င်းကို (ပ) ၁၂၄/ ၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ ၃၇၆/ ၃၇၇ / ၃၄၁ တို့ဖြင့် အမှတ် (၁) နယ်မြေရဲစခန်းတွင် မတ် ၁၀ ရက်၌ အမှုဖွင့်ထားသည်။