ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်လွှဲပြောင်းပေးမည်ဆိုသည့် လူဦးရေ ၈၀၀၀ ကျော်စာရင်းသည် ၎င်းင်းတို့ဘက်မှ စိတ်ကြိုက်ဖြည့်ချင်သလို ဖြည့်ထားသည့်ပုံစံဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်လွှဲပြောင်းပေးမည်ဆိုသည့် လူဦးရေ ၈၀၀၀ ကျော်စာရင်းသည် ၎င်းင်းတို့ဘက်မှ စိတ်ကြိုက်ဖြည့်ချင်သလို ဖြည့်ထားသည့်ပုံစံဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား
Published 4 March 2018

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်လွှဲပြောင်းပေးမည်ဆိုသည့် လူဦးရေ ၈၀၀၀ ကျော်စာရင်းသည် ၎င်းတို့ဘက်မှ စိတ်ကြိုက် ဖြည့်ချင်သလို ဖြည့်ထားသည့်ပုံစံဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့ညနေပိုင်းက နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာရှိကြောင်း နယ်စပ်မှာတော့ ပုံမှန်ပဲဖြစ်ကြောင်း၊ ဒီနေ့လည်း ထူးခြားမှု အခြေအနေ သတင်းပို့လာ တာမရှိကြောင်း၊ နယ်နိမိတ်မျဉ်းတွင် ရောက်နေသူအရေအတွက် တစ်ထောင်ကျော်ခန့် ကျန်နေသေးသည်ဟု သိရကြောင်း၊ မိမိတို့ဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် ဆောင်ရွက်ထားရှိမှုသည် ဇန်နဝါရီ  ၂၃ ရက်ကတည်းကဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဦးစီးသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ လွှဲပြောင်းပေးမည်ဆိုသည့် အိမ်ထောင်စု ၁၆၀၀ကျော် လူဦးရေ ၈၀၀၀ ကျော်စာရင်းပေးလိုက်ကြောင်း၊ သို့သော် ၎င်းတို့ပေးလိုက်သည့် စာရင်းသည် သူတို့စိတ်ကြိုက်၊ ဖြည့်ချင်သလို ဖြည့်ထားသည့်ပုံစံဖြစ်ကာ မိမိတို့ဘက်မှ ပေးထားသည့် ပုံစံမဟုတ်သည့်အတွက် လဝကကို မိမိတို့ ပုံစံအတိုင်းဝင်အောင် ပြန်လုပ်ခိုင်း၊ စိစစ်ခိုင်းထားကြောင်း၊ မိမိတို့ ကတိပြုထားသည့်အတိုင်း ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း  ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေးအတွက် လှဖိုးကောင်ကျားစခန်း၊ တောင်ပြိုလက်ဝဲနှင့် ငခူရလက်ခံရေးစခန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံမည့်သူများ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ သောက်သုံးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးတို့ကို စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယင်းအခြေအနေများကို သံတမန်များ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းထောက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော် မတီအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဗြိတိန်နိုင် ငံခြားရေးဝန်ကြီးစသဖြင့် သွားရောက်ကြည့် ရှုလေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။