Toyota Commuterကားသစ်များကို ပြည်ပပညာရှင်များနှင့်ပူးပေါင်း၍ ယခုလနောက်ဆုံးပတ်တွင် စတင်ထုတ်လုပ်မည်

Toyota Commuterကားသစ်များကို ပြည်ပပညာရှင်များနှင့်ပူးပေါင်း၍ ယခုလနောက်ဆုံးပတ်တွင် စတင်ထုတ်လုပ်မည်
Published 27 February 2018

အမှတ် (၁၅) အကြီးစားစက်ရုံတွင် လူနာတင်ယာဉ်ထုတ်လုပ်ရန် ပြည်ပမှ ရောက်ရှိလာသော လူနာတင်ယာဉ် အသုံးအဆောင်ပစ္စည်းများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော Toyota Commuter ကားသစ်များအား ပြည်ပမှ ပညာရှင်များနှင့်အတူ ယခုလနောက်ဆုံးပတ်တွင် စတင်ထုတ်လုပ်မည်ဖြစ်၍ နိုင်ငံတကာစံချိန်မီ ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ခင်မောင်ချိုက ပြောကြားသည်။

လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရှင်များနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ပညာရှင်အဖွဲ့များ ပူးပေါင်း၍ နိုင်ငံတကာအသိအမှတ်ပြု CAAS (Commission on Accreditation of Ambulance Services) လက်မှတ်ရရှိရန်နှင့် မော်တော်ယာဉ် အန္တရာယ်ကင်းရှင်းရေး လက်မှတ်များကို စနစ်တကျထုတ်ပေးနိုင်ရန် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေသည်။

လူနာတင်ယာဉ်ထုတ်လုပ်ရန် ပြည်ပမှ ရောက်ရှိလာသော လူနာတင်ယာဉ်အသုံးအဆောင် ပစ္စည်းများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော Toyota Commuter ကားသစ်များအား ပြည်ပမှ ပညာရှင်များနှင့်အတူ ယခုလနောက်ဆုံးပတ်တွင် စတင်ထုတ်လုပ်ရန် ကြိုးပမ်းမှုနှင့်အတူ မုံရွာ၊ ပခုက္ကူနှင့် မြင်းခြံ တို့တွင်လည်း စက်မှုသင်တန်းကျောင်းများနှင့် ဆက်စပ်၍ မော်တော်ယာဉ်ပြင်ဆင်မှုနှင့် စက်မှုလုပ်ငန်းအလုပ်ရုံငယ် (Workshop) များ ဖြစ်ထွန်းစေရန် စီစဉ်နေသည်။