ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၄၆ ဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၄၉၀၀ အထိ ကျဆင်း

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၄၆ ဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၄၉၀၀ အထိ ကျဆင်း
Published 30 January 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၁၃၄၆ ဝန်းကျင်သို့ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၄၉၀၀ အထိ ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ကျပ် ၉၂၂၁၀၀ အထိကျဆင်းခဲ့သည်။ ေ

အောက်တိုဘာ ၇ ရက်တွင် ကျပ် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ကျပ် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ကျပ် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ကျပ် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျပ် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၁၉ ရက်တွင် ကျပ် ၉၁၇၇၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၉၅၅၇၀၀၊ ဇန်နဝါရီ ၂၉ ရက်တွင် ကျပ် ၉၄၄၉၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂၇၀၀ (အောက်တိုဘာ ၁၅ ရက်)၊ နိုဝင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၂၀၀ (ဒီဇင်ဘာ ၁၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၇၃၀၀ (ဒီဇင်ဘာ ၃၁ ရက်) တို့ဖြစ်သည်။