၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာအပါအဝင် တစ်ကမ္ဘာလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု နှစ်စဉ် နှစ်သန်းကျော် ရှိလာပြီး နှစ် ၅၀ ကျော်အတွင်း အဆနှစ်ထောင်ကျော် မြင့်တက် 

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာအပါအဝင် တစ်ကမ္ဘာလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု နှစ်စဉ် နှစ်သန်းကျော် ရှိလာပြီး နှစ် ၅၀ ကျော်အတွင်း အဆနှစ်ထောင်ကျော် မြင့်တက် 
Published 20 December 2017

တာမွေမြို့နယ်အတွင်း တစ်နေရာ၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ခြင်နှိမ်နှင်းရေးလုပ်ငန်း လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု နှစ်စဉ် နှစ်သန်းကျော် ထိရှိလာပြီး ၁၉၅၉ မှ၂၀၁၀ ပြည့်နှစ် နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆပေါင်းနှစ်ထောင်ကျော် မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့နိုင်ငံများတွင် ၁၉၅၅-၅၉ ခုနှစ်၊ ငါးနှစ်တာအတွင်း သွေးလွန်တုပ်ကွေးဖြစ် ပွားသူ ၉၀၅ ဦးသာရှိခဲ့ရာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း နှစ်စဉ်လူဦးရေနှစ်သန်းကျော် အထိ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာ ကြောင်းနှင့် မြန်မာနိုင်ငံတွင် သွေးလွန်တုပ် ကွေးဖြစ်ပွားမှုမှာ ၁၉၇၄-၇၆ ခုနှစ်တွင် လူဦး ရေ ၆၀၀၀ ကျော်သာရှိခဲ့ရာ ၂၀၁၅ ခုနှစ်အ တွင်း လူဦးရေ ၄၀၀၀၀ကျော်အထိ ဖြစ်ပွား မှုမြင့်တက်လာကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၂၁ ရက်အထိ ရရှိထားသည့်စာရင်းများ အရ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ် ပွားမှုမှာ နေပြည်တော်တွင် ၅၈၁ ဦး၊ ကယား တွင် ၁၀၃၆ ဦး၊ ကချင်တွင်၂၂၇၃ ဦး၊ ကရင် တွင် ၁၇၆၉ ဦး၊ မွန်တွင် ၁၈၂၆ ဦး၊ ရခိုင်တွင် ၂၄၈၉ ဦး၊ ရှမ်းတွင် ၁၃၂၃ ဦး၊ စစ်ကိုင်းတွင် ၁၁၀၂ ဦး၊ တနင်္သာရီတွင် ၈၁၇ ဦး၊ ပဲခူးတွင် ၁၆၁၅ဦး၊ မကွေးတွင် ၈၈၀ ဦး၊ မန္တလေးတွင် ၂၁၀၂ ဦး၊ ရန်ကုန်တွင် ၆၆၁၆ ဦး၊ ဧရာဝတီ တွင် ၂၉၈၄ ဦးနှင့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုမှာ နေပြည်တော်တွင် လေးဦး၊ ကချင် တွင် ၁၅ ဦး၊ ကယားတွင် နှစ်ဦး၊ ကရင်ပြည်နယ်တွင် တစ်ဦး၊ စစ်ကိုင်းတွင် ငါးဦး၊ တနင်္သာရီတွင် တစ်ဦး၊ ပဲခူးတွင် ၁၈ ဦး၊ မကွေးတွင် ၁၆ ဦး၊ မန္တလေးတွင် တစ်ဦး၊ မွန်တွင် တစ်ဦး၊ ရခိုင်တွင်၂၆ ဦး၊ ရန်ကုန်တွင် ၄၆ ဦး၊ ရှမ်းတွင် သုံးဦး၊ ဧရာဝတီတွင် ၃၃ ဦးရှိကြောင်း သိရသည်။

ယခုနှစ် ပထမခြောက်လ အတွင်းက တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွား သူ ၁၀၁၀၁ ဦး၊ သေဆုံးသူ ၅၄ ဦးသာရှိခဲ့ရာ ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပွား၊ သေဆုံးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ကြောင်းနှင့် အဖြစ်များ သည့် ရန်ကုန်၊ ဧရာဝတီတိုင်း၊ ရခိုင်နှင့် မွန် ပြည်နယ်များသာမက အခြားဒေသများတွင်လည်း ဖြစ်ပွားနှုန်းများ ဆက်တိုက်မြင့်တက်လာကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံတွင် ၁၉၆၅ ခုနှစ်က ရန်ကုန်မြို့၌ စတင် ဖြစ်ပွားခဲ့ပြီး ၁၉၆၉ခု နှစ်မှစ၍ ရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း၊ ရောဂါဖြစ်ပွားချိန်မှစ၍ ၁၉၇၀ ပြည့်နှစ်အထိ ရန်ကုန်မြို့တွင်သာ ဖြစ်ပွားမှု ရှိခဲ့သော်လည်း  ၁၉၇၄ ခုနှစ်တွင် ရန်ကုန်အပါအဝင် မွန်၊ ပဲခူး၊ မန္တလေးတွင် ကူးစက်ပျံ့နှံ့ခဲ့ကြောင်း၊ ပြီးနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးကို ကူးစက်ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ရောဂါဖြစ်ပွားသူများအနက် အသက်ငါးနှစ်မှ ကိုးနှစ်အတွင်းရှိ ကလေးငယ်များမှာ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရောဂါအဖြစ်အများဆုံး မြို့နယ်များမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်မြို့နယ်များမှာ အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု နှစ်စဉ်မြင့်တက်လာရာ ပျမ်းမျှတစ်နှစ်လျှင် လူဦးရေ တစ်သောင်းကျော် ဖြစ်ပွားပြီး ၆၀ ဦးနှုန်း သေဆုံးနေကြောင်းနှင့် ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးများတွင် ဖြစ်ပွားနှုန်းများ ဆက်တိုက်မြင့်တက်လျက် ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုနှုန်း နှစ်စဉ်မြင့်တက်လာသည့် သွေးလွန်တုပ်ကွေး ရောဂါကို ၂၀၁၅ ခုနှစ်မှစ၍ တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုရသည့် ရောဂါစာရင်းတွင် စတင်ထည့်သွင်းခဲ့သည်။

 

Most Read

Most Recent