ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးအား စက်တင်ဘာ ၂၈ တွင် ဆွေးနွေးမည်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးအား စက်တင်ဘာ ၂၈ တွင် ဆွေးနွေးမည်
Published 26 September 2017

မြန်မာအရေးအား ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စက်တင်ဘာ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သံတမန်များက ပြောကြားခဲ့သည်။

ဗြိတိန်၊ ပြင်သစ် ၊ အမေရိကန်နှင့် အခြားလေးနိုင်ငံက မြန်မာအရေးအတွက် အစည်းအဝေးကျင်းပရန် တောင်းဆိုထားခဲ့သည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် စက်တင်ဘာ ၂၆ တွင် မြန်မာနိုင်ငံရှိ နောက်ဆုံးအခြေအနေများကို ဆွေးနွေးမည်ဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပုံမှန်ရှင်းလင်း ပြောကြားမှုကို ဆောင်ရွက်မည်ဖြစ်သည်။